သေဆုံးသူ ၉၃

January 21, 2021

ဗြိတိန်တွင် ကိုဗစ်ကြောင့် သေဆုံးသူ ၉၃,၀၀၀ ကျော်ရှိလာ 

ဗြိတိန်မှာ ကိုဗစ်-၁၉ကြောင့် စုစုပေါင်း သေဆုံးသူ  ၉၃,၀၀၀ ကျော် ရှိလာပြီး ဥရောပမှာ သေဆုံးသူ အများဆုံးနဲ့ ကမ္ဘာမှာ ပဉ္ဓမ မြောက် အများဆုံးဖြစ်ပါတယ်။   ဇန်နဝါရီ ၂၀ ရက်က သေဆုံးသူ ၁,၈၂၀ နဲ့ စံချိန်တင် မြင့်တက်ခဲ့ပြီး ဆေးရုံတက်ကုသနေသူ ၃၉,၀၀၀ ကျော်ရှိ ပါတယ်။   မစ်တန်ကီးဆေးရုံမှာ  လူနာတွေဟာ အသက်လုနေရပြီး  ကျန်းမာရေး ဆိုးရွားသူအဖို့ သေမင်းက အသာစီး ရနေပါတယ်။  လန်ဒန်အနောက်မြောက်ပိုင်းက ဆေးရုံမှာ  ကိုဗစ်ကူးစက်မှုတွေက ပထမတစ်ကြိမ်ထက် ပိုပြင်းထန်နေပါတယ်။  ဆေးရုံဆောင်တွေမှာ ငယ်ရွယ်တဲ့လူနာတွေနဲ့ ပြည့်နှက်နေပြိး  ရောဂါအဆိုးဆုံးတွေထဲက မဆိုစလောက်သာ ကုသမှုကြောင့် သက်သာကြပါတယ်။ အဲဒီဆေးရုံမှာ ဗန်တီလေတာပေါ် တင်ရတဲ့ အသက်အငယ်ဆုံးဟာ ၂၈ နှစ်သာ ရှိတယ်လို့လည်း သိရပါတယ်။  ဆရာဝန် ၊ သူနာပြုတွေဟာလည်း ခြေကုန်လက်ပန်းကျတဲ့ ဒဏ်နဲ့ ကြုံနေရပါတယ်။  "ကိုဗစ်ပထမလှိုင်းတုန်းက အိုင်စီယူရောက်လာတဲ့ လူနာတွေရဲ့သေဆုံးနှုန်းက ၄၀ရာခိုင်နှုန်း ဝန်းကျင်ဖြစ်ပေမဲ့ ဒီတစ်ကြိမ်မှာတော့ သေဆုံးနှုန်း ၈၀ ရာခိုင်နှုန်း ရှိတယ်"ဆိုပြီး  ဆေးရုံတာဝန်ရှိသူ တစ်ဦးက ပြောဆိုတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
9 months Ago
Up