သေဆုံးသူ ၇၉၃

March 22, 2020

အီတလီတွင် မတ် ၂၁ ရက်နေ့ တရက်တည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၇၉၃ ဦးရှိ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေနေ့စဉ် စံချိန်တင်မြင့်တက်နေတဲ့ အီတလီမှာ မတ် ၂၁ ရက်နေ့က တနေ့တည်း သေဆုံးသူ ၇၉၃ ဦးအထိ ရှိခဲ့တာမို့ စံချိန်တင်သေဆုံးမှုနှုန်းအသစ် ဖြစ်လာခဲ့တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။ အီတလီဟာ မတ် ၁၉ ရက်နေ့မှာတင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ နိုင်ငံများစာရင်းမှာ တရုတ်ကိုကျော်တက်ပြီး အများဆုံးနိုင်ငံဖြစ်ခဲ့တာပါ။  မတ် ၂၁ ရက်မှာတော့ သေဆုံးသူဦးရေ တနေ့တည်း စံချိန်တင်များပြားခဲ့တာကြောင့် စုစုပေါင်းသေဆုံးသူဦးရေဟာ ဒီနေ့မနက်ပိုင်းအထိ ၄,၈၂၅ ဦးထိ ရှိလာခဲ့ပါတယ်။  အီတလီပြည်သူ့ကာကွယ်စောင့်ရှောက်ရေးဌာနအဆိုအရ ဗိုင်းရပ်စ်ကူးစက်ခံရသူဦး ရေဟာလည်း ၅၃၅၇၈ ဦးအထိ ရှိလာခဲ့ပြီလို့ သိရပါတယ်။  မတ် ၂၁ မှာ သေဆုံးသူစံချိန်တင်ခဲ့သလို တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြန်ကောင်းလာခဲ့သူဦးရေလည်း ၆,၀၇၂ ရှိလာခဲ့တယ်လို့ ရိုက်တာသတင်းက ရေးသားထားပါတယ်။  အီတလီဟာ မတ် ၂၁ ရက်နေ့မှာပဲ မရှိမဖြစ်ကုန်ထုတ်လုပ်ရေးစက်ရုံတွေက လွဲလို့ ကျန်စက်ရုံတွေအားလုံးကို ဗိုင်းရပ်စ်ပြန့်ပွားမှုထိန်းချုပ်ရေးအတွက် ပိတ်သိမ်းခိုင်းခဲ့ရပါတယ်။ 
2 years Ago
Up