သေဆုံးသူ ၇၅ ဦးရှိပြီ

August 2, 2019

လစ်ဗျားတွင် ရွှေ့ပြောင်းဒုက္ခသည်အလောင်း ၂၀ ထပ်မံတွေ့ရှိ၊ သေဆုံးသူ ၇၅ ဦးရှိပြီ

လစ်ဗျားနိုင်ငံ ခါမ့်မြို့ရဲ့ ကမ်းခြေပေါ်မှာ သြဂုတ် ၁ ရက်နေ့က ရွှေ့ပြောင်းဒုက္ခသည်အလောင်း ၂၀ လောင်း ထပ်မံဆယ်ယူရရှိခဲ့တယ်လို့ ရိုက်တာ သတင်းဌာနမှာ ဖော်ပြထားပါတယ်။ ရွှေ့ပြောင်းဒုက္ခသည်တွေ ရာချီ လိုက်ပါလာတဲ့ သစ်သားလှေဟာ ပြီးခဲ့တဲ့ သီတင်းပတ်က လစ်ဗျားနိုင်ငံ ထရီပိုလီမြို့ အရှေ့ဘက်ရေပြင် ၇၆ မိုင်ကျော် အကွာမှာ တိမ်းမှောက်ခဲ့တာပါ။ ဒါဟာ အခုနှစ်အတွင်း မြေထဲပင်လယ်ပြင်ထဲမှာ အဆိုးရွားဆုံး ဖြစ်ရပ်လို့ ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ အေဂျင်စီ (UNHCR) က ပြောပါတယ်။ မနေ့က အလောင်း ၂၀ ထပ်တွေ့ခဲ့တာကြောင့် လှေမှောက်မှုအတွင်း သေဆုံးသူ စုစုပေါင်း ၇၅ ယောက်ထိ မြင့်တက်လာခဲ့ပါတယ်။ လက်ရှိမှာ ကယ်ဆယ်ရေးအဖွဲ့တွေက နောက်ထပ်ပျောက်ဆုံးနေတဲ့ အလောင်းတွေကို ဆက်ရှာနေကြဆဲပါ။ လစ်ဗျားကမ်းခြေစောင့်တပ်ဖွဲ့နဲ့ ဒေသခံ ငါးဖမ်းသမားတွေက ဒုက္ခသည် ၁၃၄ ယောက်ကို ကယ်ဆယ်ပေးခဲ့ပေမယ့် သေဆုံးသူ ၁၅၀ လောက်အထိ ရှိနိုင်တယ်လို့ UNHCR က ပြောပါတယ်။ ၂၀၁၁ ခုနှစ်ကတည်းက လစ်ဗျားနောက်ကမ်းရိုးတန်းဟာ မြေထဲပင်လယ်ကို ဖြတ်ပြီး ဥရောပကို ရောက်ဖို့ကြိုးစားကြတဲ့ အာဖရိက ရွှေ့ပြောင်းဒုက္ခသည်တွေအတွက် အဓိကအချက်အချာကျတဲ့ နေရာတခု ဖြစ်လာခဲ့ပါတယ်။ အများအားဖြင့် အာဖရိက ဒုက္ခသည်တွေဟာ ဆင်းရဲနွမ်းပါးမှုနဲ့ စစ်ပွဲတွေကြောင့် မိခင်နိုင်ငံကနေ ထွက်ပြေးလာကြတာပါ။
Zawgyi Version လစ္ဗ်ားတြင္ ေ႐ႊ႕ေျပာင္းဒုကၡသည္အေလာင္း ၂၀ ထပ္မံေတြ႕ရွိ၊ ေသဆုံးသူ ၇၅ ဦးရွိၿပီ DVB လစ္ဗ်ားႏိုင္ငံ ခါမ့္ၿမိဳ႕ရဲ႕ ကမ္းေျခေပၚမွာ ၾသဂုတ္ ၁ ရက္ေန႔က ေ႐ႊ႕ေျပာင္းဒုကၡသည္အေလာင္း ၂၀ ေလာင္း ထပ္မံဆယ္ယူရရွိခဲ့တယ္လို႔ ႐ိုက္တာ သတင္းဌာနမွာ ေဖာ္ျပထားပါတယ္။ ေ႐ႊ႕ေျပာင္းဒုကၡသည္ေတြ ရာခ်ီ လိုက္ပါလာတဲ့ သစ္သားေလွဟာ ၿပီးခဲ့တဲ့ သီတင္းပတ္က လစ္ဗ်ားႏိုင္ငံ ထရီပိုလီၿမိဳ႕ အေရွ႕ဘက္ေရျပင္ ၇၆ မိုင္ေက်ာ္ အကြာမွာ တိမ္းေမွာက္ခဲ့တာပါ။ ဒါဟာ အခုႏွစ္အတြင္း ေျမထဲပင္လယ္ျပင္ထဲမွာ အဆိုး႐ြားဆုံး ျဖစ္ရပ္လို႔ ကုလသမဂၢ ဒုကၡသည္ဆိုင္ရာ ေအဂ်င္စီ (UNHCR) က ေျပာပါတယ္။ မေန႔က အေလာင္း ၂၀ ထပ္ေတြ႕ခဲ့တာေၾကာင့္ ေလွေမွာက္မႈအတြင္း ေသဆုံးသူ စုစုေပါင္း ၇၅ ေယာက္ထိ ျမင့္တက္လာခဲ့ပါတယ္။ လက္ရွိမွာ ကယ္ဆယ္ေရးအဖြဲ႕ေတြက ေနာက္ထပ္ေပ်ာက္ဆုံးေနတဲ့ အေလာင္းေတြကို ဆက္ရွာေနၾကဆဲပါ။ လစ္ဗ်ားကမ္းေျခေစာင့္တပ္ဖြဲ႕နဲ႔ ေဒသခံ ငါးဖမ္းသမားေတြက ဒုကၡသည္ ၁၃၄ ေယာက္ကို ကယ္ဆယ္ေပးခဲ့ေပမယ့္ ေသဆုံးသူ ၁၅၀ ေလာက္အထိ ရွိႏိုင္တယ္လို႔ UNHCR က ေျပာပါတယ္။ ၂၀၁၁ ခုႏွစ္ကတည္းက လစ္ဗ်ားေနာက္ကမ္း႐ိုးတန္းဟာ ေျမထဲပင္လယ္ကို ျဖတ္ၿပီး ဥေရာပကို ေရာက္ဖို႔ႀကိဳးစားၾကတဲ့ အာဖရိက ေ႐ႊ႕ေျပာင္းဒုကၡသည္ေတြအတြက္ အဓိကအခ်က္အခ်ာက်တဲ့ ေနရာတခု ျဖစ္လာခဲ့ပါတယ္။ အမ်ားအားျဖင့္ အာဖရိက ဒုကၡသည္ေတြဟာ ဆင္းရဲႏြမ္းပါးမႈနဲ႔ စစ္ပြဲေတြေၾကာင့္ မိခင္ႏိုင္ငံကေန ထြက္ေျပးလာၾကတာပါ။
2 years Ago
Up