သေဆုံးသူ ၄၉ ဦး

October 16, 2020

ဗီယက်နမ်တွင် ရေကြီးမြေပြိုမှုကြောင့် သေဆုံးသူ ၄၉ ဦးအထိ ရှိလာ

ဗီယက်နမ်အလယ်ပိုင်းမှာ ရေကြီးမြေပြိုမှုကြောင့် သေဆုံးသူအရေအတွက်ဟာ ၄၉ ယောက်ထက်မနည်း ရှိလာပါတယ်။  အောက်တိုဘာ ၁၅ ရက်က  ကယ်ဆယ်ရေးသမားတွေဟာ မြေပြိုနေရာ နှစ်ခုက တပ်ဖွဲ့ဝင် ရုပ်အလောင်း ၁၃ လောင်း စလုံးကို ပြန်ရခဲ့ပါတယ်။  အောက်တိုဘာ ၁၂ ရက်က နိုင်ငံအလယ်ပိုင်း ထူထင်းဟူပြည်နယ် ရေအားလျှပ်စစ် ဆည်တခုအနီးမှာ မြေပြိုမှုတွေ ဖြစ်ခဲ့ပါတယ်။  မြေပြိုမှုအတွင်း ဆောက်လုပ်ရေး လုပ်သား ၁၇ ယောက် ပိတ်မိခဲ့ပြီး သူတို့ကို ကယ်ဆယ်ဖို့  တပ်ဖွဲ့ဝင် ၁၃ ယောက်ကို စေလွှတ်ခဲ့တာပါ။  ပျောက်ဆုံးနေသူတွေကို ဆက်ရှာဖို့ ဖြစ်နိုင်တဲ့ တပ်ဖွဲ့တွေနဲ့ စက်ကိရိယာတွေကို သုံးသွားမှာဖြစ်ပြီး ကယ်ဆယ်ရေးသမားတွေ လုံခြုံရေးနဲ့ စက်ကိရိယာတွေကို သေချာထိန်းသိမ်းသွားမယ်လို့ ကာကွယ်ရေးဒုဝန်ကြီးက ပြောဆိုခဲ့ပါတယ်။  လာမယ့် သီတင်းပတ်အစောပိုင်းအထိ မိုးကြီးမယ် မျှော်လင့်ထားတယ်လို့လည်း ရိုက်တာက ဖော်ပြပါတယ်။  
7 months Ago

March 7, 2020

အီတလီတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရက်တည်း ၄၉ ဦး သေဆုံး

တရုတ်ပြည်ပြင်ပမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် လူသေဆုံးမှု အများဆုံးနိုင်ငံဖြစ်နေတဲ့ အီတလီနိုင်ငံမှာ မတ် ၆ ရက်နေ့ တရက်အတွင်း ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၄၉ ဦးအထိ ရှိလာပါတယ်။ ဒါဟာ အီတလီအတွက် ၂၄ နာရီကာလအတွင်း လူသေဆုံးမှုနှုန်း အမြင့်မားဆုံး ဖြစ်လာတာပါ။ ဒါ့အပြင် အီတလီမှာ ဗိုင်းရပ်စ် ကူးစက်ခံရသူဦးရေ စုစုပေါင်းဟာလည်း ၄၆၀၀ ကျော်သွားပြီလို့ တာဝန်ရှိသူတွေက ထုတ်ပြန်ထားပါတယ်။ အီတလီနိုင်ငံဟာ ဥရောပမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုနှုန်း အမြင့်ဆုံးနိုင်ငံ ဖြစ်နေပြီး၊ မတ် ၇ ရက်နေ့အထိ သေဆုံးသူ ဦးရေကလည်း စုစုပေါင်း ၁၉၇ ဦးအထိ ရှိလာပါပြီ။ အီတလီမှာ အစိုးရက စာသင်ကျောင်းတွေအားလုံးကို ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ပိတ်ပစ်ဖို့ အမိန့်ထုတ်ပြန်ထားခဲ့ပြီးဖြစ်တယ်လို့ ရိုက်တာသတင်းက ဖော်ပြထားပါတယ်။  ဒီနေ့မနက်ပိုင်းအထိ ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၀၂၂၃၅ ဦး၊ သေဆုံးသူ ၃၄၉၆ ဦးနဲ့ ရောဂါသက်သာ ပျောက်ကင်းသူ ၅၇၆၂၂ ဦးရှိတယ်လို့ သိရပါတယ်။
1 year Ago
Up