ရုရှားနိုင်ငံတဝန်းမှာ ဒီနေ့မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၄ သိန်းနီးပါးနဲ့ သေဆုံးသူ ၄,၅၅၅ ယောက် ရှိလာပါတယ်။
ဒါဟာ အမေရိကန်နဲ့ ဘရာဇီးပြီးရင် ကမ္ဘာမှာ တတိယကူးစက်သူ အများဆုံး ဖြစ်နေပါတယ်။
ဒါပေမဲ့ မေလ ၃၀ ရက်မှာတော့ မော်စကိုမြို့ လမ်းတွေမှာ သွားလာသူတွေ အရင်ကထက် ပိုများနေတယ်လို့ သိရပါတယ်။
မော်စကို မြို့တော်ဝန်က သီးခြားစီနေကြဖို့ကို ဇွန်လ ၁၄ ရက်အထိ သက်တမ်းတိုးထားပေမယ့် ကန့်သတ်ချက်တချို့ကို ရုပ်သိမ်းခဲ့ပါတယ်။
အစားအစာရောင်းချတဲ့ ဆိုင်တွေက လွဲပြီး ပင်းမင်းဆိုင်လို ဝန်ဆောင်မှု ဆိုင်တချို့ကို ဇွန်လ ၁ ရက်နေ့ကစပြီး ပြန်ဖွင့်လှစ်မယ်လို့ မော်စကိုမြို့တော်ဝန်က သူ့ရဲ့ ဘဘော့ဂ်မှာ ရေးသားခဲ့ပါတယ်။
9 months Ago