သေဆုံးသူ ၄၃ ယောက်

A d v e r t i s e m e n t With Us

January 3, 2020

ဂျကာတာရေဘေး သေဆုံးသူ ၄၃ ဦးထိ မြင့်တက်

အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျကာတာမှာ ရေဘေးကြောင့်  သေဆုံးသူ ၄၃ ယောက်အထိ မြင့်တက်လာတယ်လို့ အာဏာပိုင်တွေက ဇန်နဝါရီ ၃ ရက်မှာပြောလိုက်ပါတယ်။  ရေဘေးကြောင့်  လူပေါင်းထောင်ချီ ဘေးလွတ်ရာ ပြောင်းရွှေ့ခဲ့ရပြီး နေရာအတော်တော် များများမှာ ရေတွေ ဆက်လွှမ်းနေပါတယ်။   သေဆုံးသူ အများစုဟာ  ရေစီးနဲ့ မျောပါ သေဆုံးသူတွေနဲ့  မြေပြိုသေဆုံးသူတွေ ဖြစ်ကြပြီး ကျန်လူတွေကတော့ ဓာတ်လိုက်သေဆုံးတာနဲ့ အပူချိန် ကျဆင်းတာကြောင့် သေဆုံးတာလို့  အစိုးရအေဂျင်စီက သတင်းထုတ်ပြန်ပါတယ်။   လက်ရှိနေရာပေါင်း  ၁၈၂ ခု ရေလွှမ်းနေဆဲဖြစ်ပြီး အဲဒီထဲက ၆၃ ခုက မြို့တော်ဂျာကာတာကလို့ အေဂျင်စီက ပြောပါတယ်။ အင်ဒိုနီးရှားမိုးလေဝသဌာန အကြီးအကဲက မိုးသည်းရေကြီးမယ့်အခြေအနေဟာ  ဇန်နဝါရီလ နှောင်းပိုင်းကနေ ဖေဖော်ဝါရီလလယ်အထိ ဆက်ရှိနေမယ်လို့ သတိပေးထားပါတယ်။
1 year Ago
Up