သေဆုံးသူ ၃ ဦး

A d v e r t i s e m e n t With Us

December 16, 2019

ဖိလစ်ပိုင်တောင်ပိုင်း ငလျင်ကြောင့် သေဆုံးသူ ၃ ဦးထိရှိလာ

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမှာ လှုပ်ခဲ့တဲ့ ပြင်းအား ၆ ဒသမ ၈ အဆင့်ရှိ ငလျင်ကြောင့် ဒီဇင်ဘာ ၁၆ ရက်အထိ သေဆုံးသူ ၃ ဦးရှိလာပြီလို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါ တယ်။ အဲဒီငလျင်ဟာ ဒီဇင်ဘာ ၁၅ ရက်က မင်ဒါနာအိုကျွန်း ဒါဗာအိုမြို့အနောက်တောင်ပိုင်း   ၃၈ မိုင်အကွာ မြေအောက်အနက် ၁၇ မိုင်ခွဲကို ဗဟိုပြုလှုပ်ခဲ့တယ်လို့ အမေရိကန် ဘူမိဗေဒ အဖွဲ့က တိုင်းတာရရှိပါတယ်။  ငလျင်လှုပ်ခတ်မှုအတွင်း ပါဒါဒါမြို့မှာ သုံးထပ်အဆောက်အအုံတခု ပြိုကျခဲ့ပြီး အပျက်အစီးတွေကြားထဲက အလောင်းနှစ်လောင်းကို တွေ့ရှိခဲ့တယ်လို့ မီးသတ်အရာရှိတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး South China Morning Post သတင်းဌာနက ဖော်ပြပါတယ်။ ငလျင်ကြောင့် ဆူနာမီရေလှိုင်းအန္တရာယ်တော့ မရှိဘူးလို့ ပစိဖိတ် ဆူနာမီသတိပေးရေး စင်တာက ပြောပါတယ်။ ဒါ့အပြင် အိမ်နီးချင်းမြို့နယ်တခုမှာ အဆောက်အအုံ ပြိုကျလို့ ကလေးငယ်တယောက် သေဆုံးခဲ့ပါသေးတယ်။ ငလျင်ဒဏ်ကြောင့် နေအိမ်အဆောက်အအုံ ၃၀၀ ကျော်နဲ့ အစိုးရအဆောက်အအုံ ၈ ခုမှာလည်း အသေးစား ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။ ဖိလစ်ပိုင်တောင်ပိုင်းမှာ အောက်တိုဘာလနဲ့ နိုဝင်ဘာလက အင်အားပြင်း ငလျင် ၄ ခု လှုပ်ခတ်ခဲ့ပြီး လူအယောက် ၂၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။  
1 year Ago
Up