မက္ကဆီကိုနိုင်ငံမှာ မေလ ၂၉ ရက်တရက်တည်းမှာပဲ အသစ်ထပ်တွေ့တဲ့ ကိုဗစ်-၁၉ အတည် ပြု လူနာ ၃၂၇၇ ရှိခဲ့ပြီး သေဆုံးသူ ၃၇၁ ဦး ရှိခဲ့ပါတယ်။
ဒါ့ကြောင့် စုစုပေါင်းအတည်ပြုလူနာဦးရေ စာရင်းက ၈၄၀၀၀ ကျော်ရှိလာပြီး သေဆုံးသူ စုစုပေါင်းကလည်း ၉၄၀၀ ကျော် ဖြစ်လာပါတယ်။
ဒီအတွင်း မြို့တော်ရဲ့ သမိုင်းဝင်စင်တာအရှေ့မှာ ဆရာဝန်တွေနဲ့ သူနာပြုတွေ စုဝေးပြီး ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေး တိုက်ဖျက်နေရတဲ့ လုပ်သားတွေ သေဆုံးရမှုနဲ့ လိုအပ်တဲ့ အထောက်အကူပစ္စည်းတွေ မရရှိမှုအပေါ်မှာ ဆန္ဒပြခဲ့ကြပါတယ်။
မက္ကဆီကိုစီးတီးရဲ့ ပြည်သူ့ဆေးရုံ ၆၄ ခုမှာ ၂၆ ခုကို ကိုဗစ်လူနာတွေအတွက် ပြီးခဲ့တဲ့အပတ်က ပြင်ဆင်ထားခဲ့တာ ဆေးရုံတွေမှာ လူနာတွေအကုန်ပြည့်နေပြီလို့ မြို့တော်အစိုးရ ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မက္ကဆီကိုမှာ ဗိုင်းရပ်စ်ကြောင့် တရားဝင် သေဆုံးသူစာရင်းမှာ တဝက်လောက်က ပြီးခဲ့တဲ့ နှစ်ပတ်အတွင်းကမှ စာရင်းပြုစုခဲ့တာလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
9 months Ago