အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေဟာ စနေနေ့ နေ့လယ်မှာ နှစ်သောင်း ကျော်သွားပြီလို့ ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်က ထုတ်ပြန်လိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ဒီနေ့မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ သူဦးရေဟာ ငါးသိန်းသုံးသောင်းကျော်နဲ့ သေဆုံးသူဦးရေစုစုပေါင်းကတော့ ၂၀၅၀၀ ကျော်သွားပြီလို့ သိရပါတယ်။
ဒါဟာ မူလက ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် လူသေဆုံးမှုအများဆုံးဖြစ်တဲ့ အီတလီကို ကျော်ဖြတ်သွားတာဖြစ်ပါတယ်။
နယူးယောက်ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြည်နယ်တွင်း အသစ်တွေ့ရှိရတဲ့လူနာနဲ့ ဆေးရုံ တင်ရတဲ့ လူနာဦးရေ နည်းလာတယ်ဆိုပေမဲ့ သေဆုံးမှုနှုန်းကတော့ မြင့်မားနေဆဲဖြစ်တယ်လို့ စနေနေ့သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ချီကာဂိုရဲတပ်ဖွဲ့မှာလည်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၃၇ ဦးတွေ့ရှိခဲ့ရပြီး ရဲအရာရှိ တထောင်ကျော်ဟာ ကပ်ဘေးကြောင့် အလုပ်တာဝန်တွေ ထမ်းဆောင်နိုင်ခြင်းမရှိဘူးလို့လည်း သိရပါတယ်။
ဧပြီလ ၁၂ရက် တရားဝင်အတည်ပြုချက်အရ အီတလီနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် သေဆုံးသူဦးရေ ဥရောပမှာ အမြင့်ဆုံး ဖြစ်ပြီး ကူးစက်ခံ ၁၅၂၀၀၀ကျော်မှာ အယောက် ၁၉၄၆၈ ယောက် သေဆုံးခဲ့ ပြီးပါပြီ။
ကမ္ဘာတလွှား ဒီနေ့မွန်းတည့်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံ ဦးရေ ၁၇၈၀၇၇၆ ကျော်ရှိပြီး ကူးစက်ခံ ၁၀၈၈၃၈ ဦး သေဆုံးခဲ့ပြီလို့ သိရပါတယ်။
11 months Ago