သေဆုံးသူ  ၂ သိန်းခွဲ

May 5, 2020

ကမ္ဘာတဝန်း COVID-19 ရောဂါကြောင့် သေဆုံးသူ  ၂ သိန်းခွဲရှိပြီ 

ကမ္ဘာတဝန်း COVID-19 အတည်ပြုလူနာဦးရေ ၃ သန်းခွဲ ကျော်သွားခဲ့ပြီး သေဆုံးသူကလည်း ၂ သိန်းခွဲရှိပြီလို့ ရိုက်တာသတင်းဌာနက ဖော်ပြလိုက်ပါတယ်။ ဒီစာရင်းမှာ မြောက်အမေရိကနဲ့ ဥရောပနိုင်ငံတွေက အများဆုံးပါဝင်ပြီး၊ လက်တင်အမေရိက၊ အာဖရိကနဲ့ ရုရှားတို့ဘက်ကလည်း နေ့စဉ် အတည်ပြုလူနာ အသစ်တွေ့ရှိမှုနဲ့ သေဆုံးမှုနှုန်းတွေ မြင့်လာနေပါတယ်။  ရိုက်တာရဲ့စာရင်းအရ ကမ္ဘာတဝန်း သေဆုံးသူဦးရေဟာ မေလ ၄ ရက်မှာ ၂၅၀,၁၅၂ ဦး ရှိခဲ့ပြီး၊ အတည်ပြုလူနာဦးရေကလည်း ၃ ဒသမ ၅၉ သန်းကျော်ပြီ ဖြစ်ပါတယ်။  တရားဝင်ထုတ်ပြန်ချက်တွေကို ကိုးကားရေတွက်ထားတဲ့စာရင်းအရ COVID-19 ကူးစက်ခံရသူ ဦးရေ အနည်းဆုံး ၁ ဒသမ ၁ သန်းကျော်ဟာလည်း ပြန်နေကောင်းလာခဲ့တယ်လို့ ရိုက်တာသတင်းက ရေးသားထားပါတယ်။
12 months Ago
Up