သေဆုံးသူ ၂၈၀၀

February 28, 2020

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၈၀၀ ကျော်ရှိလာ

ကိုရိုနာဗိုင်းရပ်စ်ကူးစက်တာကြောင့် ဖေဖော်ဝါရီ ၂၈ ရက်အထိ ကမ္ဘာတဝှမ်း စုစုပေါင်း သေဆုံးသူ ၂,၈၅၉ ယောက်၊ ကူးစက်ခံရသူ ၈၃,၃၈၉ ယောက်နဲ့ ပြန်ကောင်းလာသူ ၃၆,၆၃၂ ယောက် ရှိပါတယ်။  ဖေဖော်ဝါရီ  ၂၇ ရက်က ဗိုင်းရပ်စ်ကြောင့် တရုတ်ပြည်မကြီးမှာ ထပ်မံသေဆုံးသူ ၄၄ ယောက် ရှိပြီး သေဆုံးနှုန်း ကျဆင်းခဲ့ပါတယ်။  အခုဆိုရင် ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာနိုင်ငံနဲ့ ဒေသပေါင်း ၅၄ ခုမှာ ကူးစက်ပျံ့နှံ့နေပါတယ်။  တရုတ်ပြည်မကြီးမှာ ထပ်မံကူးစက်သူ ၃၃၅ ယောက်ရှိပြီး တောင်ကိုရီးယားမှာတော့ ထပ်မံကူးစက်ခံရသူ ၂၅၆ ယောက် ရှိနေပါတယ်။  ဖေဖော်ဝါရီ ၂၈ ရက်က ဆိုးလ်မြို့ ကုန်တိုက်တခုရှေ့မှာ ဒေသခံတွေ နှာခေါင်းစည်းဝယ်ဖို့ တန်းစီစောင့်ဆိုင်းနေပါတယ်။  တောင်ကိုရီးယားမှာ နှာခေါင်းစည်းတင်ပို့တာကို စုစုပေါင်းထုတ်လုပ်မှုရဲ့ အများဆုံး ၁၀ ရာခိုင်နှုန်းသာ ရှိဖို့ ကန့်သတ်ထားပါတယ်။   အဲဒီနောက် နှာခေါင်းစည်းတွေကို စာတိုက်၊ ဆေးဆိုင်အပါအဝင် အများပြည်သူဆိုင်တွေကို ဖြန့်ဝေထားတယ်လို့ အစိုးရက ထုတ်ပြန်ပါတယ်။  အဲဒီကုန်တိုက်ကို နှာခေါင်းစည်း ၁၇၀၀၀၀ ဖြန့်ဝေထားပြီး လူတယောက်ကို အများဆုံး ၅ ခုသာ ဝယ်ယူခွင့် ပြုထားပါတယ်။  တောင်ကိုရီးယားမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၂,၀၂၂ ယောက် ရှိတယ်လို့ ရောဂါထိန်းချုပ်ရေး နဲ့ ကြိုတင်ကာကွယ်ရေးစင်တာက ပြောကြားပါတယ်။ 
1 year Ago
Up