သေဆုံးသူ ၂၇ ဦး

A d v e r t i s e m e n t With Us

January 9, 2020

သြစတြေးလျတွင် တောမီးကြောင့် သေဆုံးသူ ၂၇ ဦးရှိပြီ

သြစတြေးလျနိုင်ငံမှာ လေးလကျော်ကြာ လောင်နေဆဲ တောမီးတွေကြောင့် သေဆုံးသူ ဦးရေဟာ ဇန်နဝါရီ ၉ ရက်မှာ ၂၇ ယောက်ထိ ရှိသွားပြီလို့ ဝန်ကြီးချုပ် စကော့တ် မော်ရစ်ဆင်က အတည်ပြု ပြောဆိုပါတယ်။ အိမ်ခြေ ၂ ထောင်ကျော်လည်း မီးသင့်လောင်ကျွမ်းခဲ့ပါတယ်။ ဇန်နဝါရီ ၉ ရက်နေ့မှာ နိုင်ငံရဲ့လူဦးရေထူထပ်တဲ့ အရှေ့တောင်ပိုင်းတလွှား အပူလှိုင်းဖြတ်နေလို့ ဘေးကင်းရာ ရွှေ့ပြောင်းကြဖို့ သတိပေးစာတွေကို အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။ မိုးသည်းသည်းထန်ထန်ရွာတဲ့ ရာသီကို မရောက်မချင်း နွေရာသီမှာ တောမီး ဆက်လောင်နိုင်တယ်လို့လည်း အာဏာပိုင်တွေက သတိပေးထားပါတယ်။ မြင့်မားတဲ့ အပူချိန်၊ လေပြင်းနဲ့ ၃ နှစ်ဆက်တိုက် မိုးခေါင်တဲ့ အခြေအနေတွေကြောင့် တောမီ ထိန်းမနိုင်သိမ်းမရ လောင်နေတာပါ။  လာမယ့် လနည်းနည်းအတွင်း မိုးလုံလောက်အောင် ရွာမယ့် လက္ခဏာမရှိဘူးလို့ သြစတြေးလျ မိုးလေဝသ ဌာနက နှစ်ပတ်လည် အစီရင်ခံစာ ထုတ်ပြန်ပြောဆိုထားပါတယ်။ ဒါ့အပြင် ၂၀၁၉ ခုနှစ်ဟာ သြစတြေးလျရဲ့ မှတ်တမ်းသမိုင်းမှာ အပူဆုံးနဲ့ အခြောက်သွေ့ဆုံးနှစ်အဖြစ် အစီရင်ခံစာက ပြောထားပါတယ်။
1 year Ago
Up