သေဆုံးသူ  ၂၅၀၀၀

August 14, 2020

ပီရူးနိုင်ငံတွင်  ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ  ၂၅၀၀၀ ကျော်ရှိလာ

ပီရူးနိုင်ငံရဲ့လူဦးရေတစ်သိန်းမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ဆက်နွှယ်တဲ့ သေဆုံးသူက  ၇၈ ဒသမ ၆  ရာခိုင်နှုန်းရှိပြီး  ဒေသတွင်း အိမ်နီးချင်း ချီလီနဲ့ ဘရာဇီးနိုင်ငံတွေကို ကျော်တက်သွားပြီလို့ ရိုက်တာ ရဲ့ ကိန်းဂဏန်းတွေက ဖော်ပြပါတယ်။ ပီရူးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ  ၂၅၀၀၀ ကျော်ရှိပြီး  ကူးစက်ခံရသူ   ၅၀၀,၀၀၀ ကျော်သွားပါပြီ။ သြဂုတ် ၁၃ ရက်မှာ လော့ဒေါင်းအစီအမံတွေကို  ပြန်ချမှတ်ခဲ့ပြီး   သမ္မတ မာတင်ဗစ်ကာရာကလည်း  မိသားစုတွေ့ဆုံပွဲတွေ တားမြစ်တာနဲ့ နိုင်ငံရဲ့ နောက်ထပ် ဒေသ      ၅ ခုမှာ   လော့ဒေါင်းချတာတွေ ထပ်လုပ်ခဲ့ပါတယ်။  နိုင်ငံရဲ့ဒေသ ၂၅ ခုထဲက ၁၅ ခုကို လော့ဒေါင်း ချထားပြီး   ကလေးငယ်တွေနဲ့  အရွယ်ရောက်သူတွေအကြား ကူးစက်နှုန်း  ၇၅ ရာခိုင်နှုန်း  ရှိလာတာမို့   ညမထွက်ရ အမိန့်ပြန် ထုတ်မယ်လို့ သမ္မတ  ဗစ်ဇ်ကာရာက ကြေညာခဲ့ပါတယ်။  
3 years Ago
Up