သေဆုံးသူ ၂၁၀၀

August 20, 2021

ဟေတီငလျင် သေဆုံးသူ ၂၁၀၀ ကျော်အထိ မြင့်တက်လာ

ဟေတီနိုင်ငံမှာ အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူဦးရေဟာ ၂,၁၈၉ ဦး အထိ မြင့်တက်လာတယ်လို့ ကာရေဘီယန်ကျွန်းရဲ့ ပြည်သူ့ကာကွယ်စောင့်ရှောက်ရေးအေဂျင်စီက ထုတ်ပြန်ပါတယ်။ 

ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ ခန့်မှန်းချက်အရ ကလေးငယ် ၅ သိန်း ၄ သောင်း အပါအဝင် လူဦးရေ လူ ၁ ဒသမ ၂ သန်းလောက် ငလျင်ဒဏ် ခံခဲ့ရတယ်လို့ ဆိုပါတယ်။

အပူပိုင်းမုန်တိုင်း ဂရေ့စ်ကြောင့် အပြင်းထန်ဆုံး ထိခိုက်ခံရတဲ့ တောင်ပိုင်း၊ နစ်ပ်စ်နဲ့ ဂရန်းဒန်းစ်ကျွန်းတွေမှာ စိုစွတ်နေပြီး ရေ၊ အမိုးအကာနဲ့ တခြားအခြေခံလိုအပ်ချက်တွေ ရရှိနိုင်ဖို့ သွားလာဝင်ရောက်ဖို့ အခက်အခဲ ရှိနေပါတယ်။ 

ရေလွှမ်းမိုးမှုနဲ့ ရွှံ့မြေပြိုမှုတွေကလည်း ထိခိုက်လွယ်တဲ့ မိသားစုတွေရဲ့အခြေအနေကို ပိုမိုဆိုးရွားစေပြီး လူသားချင်းစာနာထောက်ထားမှု တုံ့ပြန်မှုကိုလည်း ပိုမိုရှုပ်ထွေးစေပါတယ်။

 တရားဝင်သတင်းတွေအရ သေဆုံးသူ ၁၄၀၀ ကျော်နဲ့ ဒဏ်ရာရသူ ၇၀၀၀  လောက်ရှိပြီး ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်။  ဆေးရုံတွေ၊ ကျောင်းတွေနဲ့ တံတားတွေအပါအ၀င် အများပြည်သူ အခြေခံအဆောက်အအုံတွေနဲ့အတူ အိမ်ခြေ ၈၄၀၀၀  ကျော် ပျက်စီးခဲ့ပါတယ်။

မြို့တော် ပို့တ်အောပရင့် လမ်းမကြီးကနေ နိုင်ငံတောင်ပိုင်းကို လူဆိုးဂိုဏ်းတွေ ထိန်းချုပ်ထားလို့ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးမှာ ရှုပ်ထွေးနေပေမယ့်လည်း UNICEF ကတော့ ငလျင်လှုပ်ပြီး နာရီပိုင်းအတွင်းမှာပဲ မုန်တိုင်းဒဏ်ခံဒေသတွေကို ဆေးဘက်ဆိုင်ရာ အထောက်အပံ့တွေ အရောက်ပို့ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

4 months Ago
Up