သေဆုံးသူ ၂၀၀ ကျော်

September 2, 2021

ယူကေတွင် တစ်ရက်တည်း ကိုဗစ်-၁၉ ဖြင့်သေဆုံးသူ ၂၀၀ ကျော်၊ ၆ လအတွင်း အမြင့်ဆုံး စံချိန်တင်

ယူကေနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံး သူ ၂၀၀ ကျေိာ်ရှိခဲ့ပြီး ဒါဟာ ၆ လအတွင်း အမြင့်ဆုံးစံချိန်တင် သေဆုံးမှုဖြစ်တယ်လို့ ဆိုပါတယ်။

       တရက်တည်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်းကတော့ ၃၅,၆၀၀ ကျော် ရှိခဲ့ပြီး ယူကေနိုင်ငံဟာလည်း တခြားကမ္ဘာ့နိုင်ငံတွေနည်းတူ ဒယ်လ်တာ ကိုဗစ်-၁၉ မျိုး ကွဲကူးစက်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

       ပြီးခဲ့တဲ့ ရက်တုန်းကတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၂,၀၀၀ ကျော်နဲ့ သေ ဆုံးသူအယောက် ၅၀ ရှိနေခဲ့တာ ဖြစ်ပါတယ်။

       ယူကေနိုင်ငံမှာ နေ့စဉ် ကိုဗစ်-၁၉ ကူးစက်မှုအသစ်ကတော့ ၃၀,၀၀၀ အထက်မှာ ရှိနေခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လလယ်မှာတော့ ၅၅,၀၀၀ နီးပါးထိ အမြင့်ဆုံး ကူးစက် ခဲ့ပါတယ်။

       အဆိုးဝါးဆုံး သေဆုံးမှုအဖြစ် အခုနှစ်ဆန်း ဇန်နဝါရီလတုန်းက ၇ ရက်ဆက်တိုက် ပျမ်းမျှလူ ၁,၂၀၀ နဲ့အထက် သေဆုံးခဲ့ပြီး စံချိန်တင်ခဲ့တာ ဖြစ်ပါတယ်။

       ယူကေအစိုးရရဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ နိုင်ငံ့လူဦးရေရဲ့ အသက် ၁၆ နှစ်အထက် ၈၈ ဒသမ ၅ ရာခိုင်နှုန်းဟာ ကိုဗစ်-၁၉ ကာကွယ်ဆေး ၁ ကြိမ်ထိုးနှံပြီးဖြစ် ကာ ၇၈ ဒသမ ၉ ရာခိုင်နှုန်းကတော့ ကာကွယ်ဆေးအပြည့်အဝ ထိုးနှံပြီးဖြစ်တယ်လို့ ဆို ပါတယ်။

       ယူကေနိုင်ငံမှာတော့ လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရသူပေါင်း ၆ ဒသမ ၈၂ သန်းကျေိာ်၊ သေဆုံးသူပေါင်း ၁ သိန်း ၃ သောင်းကျော်နဲ့ ရောဂါပြန်လည်ပျောက်ကင်း သက်သာလာသူပေါင်း ၅ သန်းခွဲကျော် ရှိနေတာပါ။

       ကမ္ဘာတဝန်းမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၂၁၉ ဒသမ ၂၈ သန်း ကျော်၊ သေဆုံးသူပေါင်း ၄ သန်းခွဲကျော်နဲ့ ရောဂါပြန်လည်ပျောက်ကင်း သက်သာလာသူ ပေါင်း ၁၉၆ သန်းကျော် ရှိနေတာ ဖြစ်ပါတယ်။

3 months Ago

August 10, 2021

တရက်တည်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၄၄၀၀ ကျော်၊ သေဆုံးသူ ၂၀၀ ကျော်ရှိ

မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၄,၄၀၀ ကျော်၊ သေဆုံးသူ ၂၂၀ ယောက် ရှိခဲ့တယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ် ၁၀ ရက်ညမှာ ထုတ်ပြန်ပါတယ်။

ဒီစစ်ဆေးမှုမှာတော့ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)မှာ ပါဝင်နေကြတဲ့ ဆေးရုံ တွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှုတိကျတဲ့ ပမာဏအတိုင်းအဆကို တော့ မသိနိုင်သေးပါဘူး။

ဝန်ကြီးဌာန ထုတ်ပြန်ချက်ထဲမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၄,၄၅၇ ခုကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် ၄,၄၃၄ ယောက် တွေ့ရှိခဲ့တာမို့ ပိုး တွေ့နှုန်း ၃၀ ဒသမ ၆၇ ရာခိုင်နှုန်းကျော် ရှိနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရောဂါပြန်လည်ပျောက်ကင်းသက်သာလာတဲ့အတွက် ဆေးရုံက ဆင်းခွင့်ရသူ အရေအတွက်ကတော့ ၃,၆၈၀ ယောက် ရှိနေတယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူစုစုပေါင်း ၁၂,၂၃၄ ယောက်နဲ့ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၃၃၇,၅၆၁ ယောက် ရှိနေခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကိုတော့ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ မတ် ၂၃ ရက်က စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်မှာတော့ အာ ဆီယံနိုင်ငံတွေထဲ အစောဆုံး ကာကွယ်ဆေးထိုးနှံတဲ့နိုင်ငံ ဖြစ်လာခဲ့ပါတယ်။

လတ်တလောမှာတော့ ရောဂါကူးစက်မှုတွေ မြင့်တက်နေတာကြောင့် နိုင်ငံတဝန်း စာသင်ကျောင်းတွေပိတ်ထားသလို ရောဂါကိုထိန်းချုပ်နိုင်ဖို့ အများပြည်သူရုံးပိတ်ရက် အဖြစ် ဩဂုတ် ၉ ရက်မှ ၁၅ ရက်အထိကိုလည်း တိုးမြှင့်သတ်မှတ်ကြောင်း စစ်ကောင်စီက မနေ့က ကြေညာထားပါတယ်။ 

နိုင်ငံတဝန်း ပိုးတွေ့နှုန်းများတဲ့ မြို့နယ် ၁၁၀  မြို့နယ်ကိုလည်း Stay At Home မြို့နယ်တွေ အဖြစ် သတ်မှတ်ထားပါတယ်။

4 months Ago
Up