သေဆုံးသူ ၁ သိန်းခွဲ

October 8, 2020

ဘရာဇီးတွင် ကိုဗစ်-၁၉ ကူးစက်သူ ၅ သန်းကျော်နှင့် သေဆုံးသူ ၁ သိန်းခွဲခန့်ရှိလာ

ဘရာဇီးနိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူအရေအတွက်ဟာ အောက်တိုဘာ ၇ ရက်မှာ ၅ သန်း ကျော်ခဲ့ပြီး  သေဆုံးသူ အရေအတွက်ဟာလည်း ၁ သိန်းခွဲနီးပါး ရှိလာပါတယ်။  ဘရာဇီးဟာ အမေရိကန်ပြီးရင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ဒုတိယအများဆုံး နိုင်ငံ ဖြစ်ပါတယ်။  ကူးစက်မှုအမြင့်ဆုံး ဇူလိုင်လက စလို့ နေ့စဉ်ကူးစက်နှုန်းတွေ ကျဆင်းလာပေမယ့်  ပြည်သူ တွေဟာ ခပ်ခွာခွာနေရေး  စည်းကမ်းတွေကို လျစ်လျူရှုနေပြီး ဒုတိယလှိုင်းနဲ့ ကြုံမယ့်အန္တရာယ်ရှိ နေတယ်လို့ ပြည်သူ့ကျန်းမာရေး ကျွမ်းကျင်သူတွေက သတိပေးနေပါတယ်။  ပြီးခဲ့တဲ့ သီတင်းပတ်က နေ့စဉ် သေဆုံးအရေအတွက်ဟာ ၆၅၈ ယောက်ရှိပြီး ဇူလိုင် နောက်ဆုံးပတ် နေ့စဉ်သေဆုံးနှုန်း ၁၀၀၀ ကျော်နဲ့ နှိုင်းစာရင် ကျသွားခဲ့ပါတယ်။   ပျမ်းမျှအနေနဲ့ ထပ်မံကူးစက်သူ အရေအတွက်ဟာလည်း တနေ့ကို ၂၆,၀၀၀ ကျော်နဲ့ ဇူလိုင်လ နှောင်းပိုင်းနှုန်းရဲ့ထက်ဝက်နီးပါး ကျဆင်းခဲ့ပါတယ်။   ရီယိုဒီဂျနေးရိုးတက္ကသိုလ် ရောဂါဗေဒ ပညာရှင်တဦးကတော့ ကိုဗစ်-၁၉ စစ်ဆေးမှုကို ကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်ရင် ကူးစက်သူအရေအတွက် ပိုမြင့်တက်လာနိုင်တယ်လို့ သတိပေးခဲ့ ပါတယ်။ 
7 months Ago
Up