သေဆုံးသူ ၁ သိန်းကျေ

A d v e r t i s e m e n t With Us

May 28, 2020

အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁ သိန်းကျော်ရှိလာ

အမေရိကန်ပြည်ထောင်စုမှာ ဒီနေ့ညနေပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁ သိန်းကျော်သွားခဲ့ပြီလို့ သိရပါတယ်။ ဒါဟာ နှစ်လကျော်ကြာ လော့ဒေါင်းချထားပြီးနောက် စီးပွားရေးလုပ်ငန်းတွေကို ပြန်ဖွင့်မယ့်အချိန်မှာ ဖြစ်လာတဲ့ ကိန်းဂဏန်းပါ။  သုံးလတာ လော့ဒေါင်းကာလအတွင်း အမေရိကန်ပြည်သူတွေ သေဆုံးမှုနှုန်းဟာ ကိုရီးယားစစ်ပွဲ၊ ဗီယက်နမ်စစ်ပွဲနဲ့ ၊ ၂၀၀၃-၂၀၁၁ အီရတ်စစ်ပွဲတွေ ကာလအတွင်းသေဆုံးတာထက် ပိုမြင့်မားပါတယ်။  အမေရိကန်မှာ ရာသီတုပ်ကွေးရောဂါ ဖလူကြောင့် ၁၉၅၇-၅၈ မှာ အများဆုံးသေဆုံးဖူးတာ ၁၁၆၀၀၀ ဦးဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။  အမေရိကန်မှာ ဒီနေ့ညနေပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၇ သိန်းကျော် ရှိပြီဖြစ်ပြီး တောင်ပိုင်း ပြည်နယ်တွေမှာ ပြီးခဲ့တဲ့ အပတ်အတွင်း လူနာပိုများလာတယ်လို့ သိရပါတယ်။
9 months Ago
Up