သေဆုံးသူ ၁ သန်းကျော်ရှိ

September 29, 2020

ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၁ သန်းကျော်ရှိလာ

ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အရေအတွက်ဟာ ၁ သန်းကျော်သွားပြီလို့ သုတေသီတွေက ပြောလိုက်ပြီး ဒေသအတော်များများမှာ ကူးစက်သူအသစ်တွေ တဟုန်ထိုး မြင့်တက်နေပါတယ်။ စုစုပေါင်း သေဆုံးသူတွေရဲ့ ထက်ဝက်နီးပါးက အမေရိကန်၊ ဘရာဇီးနဲ့ အိန္ဒိယတို့က ဖြစ်တယ်လို့ ဂျွန်ဟော့ကင်းတက္ကသိုလ် ကောက်ယူတဲ့ စာရင်းတွေက ဖော်ပြပါတယ်။  အမှန်တကယ် သေဆုံးသူ အရေအတွက်ဟာ ဒီထက်ပိုပြီးများပြားနိုင်တယ်လို့ သုတေသီတွေက သတိပေးပါတယ်။  ဒီအရေအတွက်ဟာ မတွေးတတ်အောင်ကို ဆိုးရွားလွန်းပြီး စိတ်ဒုက္ခများရတဲ့ သမိုင်းမှတ်တိုင် ဖြစ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ပြောပါတယ်။ တရုတ်နိုင်ငံအရှေ့ပိုင်း ဝူဟန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ် စဖြစ်တယ်လို့ သတင်းထွက်ပြီး ၁၀ လ နီးပါးအကြာမှာ ကမ္ဘာတဝန်း ဒီဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁ သန်းကျော်လာတာပါ။  ကိုရိုနာဗိုင်းရပ်စ် တမျိုးကြောင့် ဖြစ်တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါဟာ အခုဆိုရင် နိုင်ငံပေါင်း ၁၈၈ နိုင်ငံက လူပေါင်း ၃၂ သန်းကျော် ကူးစက်နေတယ်လို့ ဘီဘီစီက ဖော်ပြပါတယ်။
12 months Ago
Up