သေဆုံးသူ ၁၇၇ ဦး

October 1, 2020

ရုရှား၌ တရက်အတွင်း ကိုဗစ်ကူးစက်သူ ၈၀၀၀ ကျော်နှင့် သေဆုံးသူ ၁၇၇ ဦးရှိလာ

ရုရှားနိုင်ငံမှာ  ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း  ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၈၀၀၀ ကျော် တိုးလာပြီး စက်တင်ဘာ ၃၀ ရက်မှာတော့ နိုင်ငံတဝှမ်းကူးစက်သူ ၁ သန်း ၁ သိန်း ၇ သောင်းကျော်ရှိလာပါတယ်။ ထပ်မံ သေဆုံးသူက ၁၇၇ ယောက် ရှိလာပြီး တရားဝင် စာရင်းအရ စုစုပေါင်း သေဆုံးသူ ၂ သောင်းကျော် ရှိလာပါတယ်။  နေ့စဉ် အသစ်ထပ်မံ ကူးစက်သူအရေအတွက်ဟာ ပြီးခဲ့တဲ့ မတ်လနဲ့ နှိုင်းယှဉ်ရင်  ၂ ဆ ကျော် မြင့်တက်ခဲ့ပြီး စက်တင်ဘာ ၁ ရက် ကျောင်းတွေ ပြန်ဖွင့်ပြီးနောက် အသစ်ကူးစက်မှုတွေက စံချိန်တင်တရှိန်ထိုး မြင့်တက်ခဲ့တာပါ။   တင်းကျပ်တဲ့ အသွားအလာ ကန့်သတ်ချက် လော့ဒေါင်းအစီအမံတွေ သတ်မှတ်ဖို့ အစီအစဉ် မရှိဘူးလို့ ရုရှားအစိုးရက ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပြောဆိုခဲ့ပေမဲ့ မော်စကို မြို့တော်ဝန်ကတော့ နာတာရှည် ရောဂါရှိသူတွေနဲ့ အသက် ၆၅  နှစ်အထက် ရှိသူတွေ အိမ်မှာနေသင့်တယ်လို့ အကြံပြု ထားပါတယ်။  ဒါ့အပြင် အောက်တိုဘာ ၅ ရက်ကနေ ၁၈ ရက်အတွင်း ကလေးတွေကို ကျောင်းမပို့ဘဲ အိမ်မှာပဲ ထားဖို့ မြို့တော်ဝန် ဆိုဘာယာနင်က စက်တင်ဘာ ၂၉ ရက်မှာ  ပြောဆိုခဲ့ပါတယ်။ 
8 months Ago
Up