နယူးဇီလန်နိုင်ငံ White Island ကျွန်း မီးတောင် ပေါက်ကွဲမှုကြောင့် သေဆုံးသူဦးရေဟာ ဒီဇင်ဘာလ ၁၄ ရက်နေ့အထိ ၁၅ ယောက်အထိ မြင့်တက်ခဲ့ပါတယ်။
ဒါပေမဲ့ ပြင်းထန်တဲ့ မီးလောင်ဒဏ်ရာတွေနဲ့ အထူးကြပ်မတ်ကုသနေရသူတွေ ရှိတာမို့ သေဆုံးသူ အရေအတွက် ထပ်တိုးလာနိုင်ပါတယ်။
မီးလောင် ဒဏ်ရာရသူ အယောက် ၂၀ လောက်ဟာ နယူးဇီလန်နဲ့ သြစတြေးလျမှာ အထူးကြပ်မတ်ကုသမှု ခံယူနေပါတယ်။
ကျန်နေတဲ့ ရုပ်အလောင်း နှစ်ခုကို သယ်ယူဖို့အတွက် White Island ကျွန်းဆီ ပြန်သွားဖို့ စီစဉ်နေတယ်လို့ ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။
ရဲတပ်ဖွဲ့ရေငုပ်အဖွဲ့ဟာ ရေတပ် ရေငုပ်အဖွဲ့နဲ့ ပူးပေါင်းပြီး ရှာဖွေရေးလုပ်နေတယ်လို့လည်း ရဲတပ်ဖွဲ့ဒုတိယရဲမင်းကြီးက ပြောခဲ့ပါတယ်။
ရဲတပ်ဖွဲ့ ရေငုပ်အဖွဲ့ဝင် ၉ ယောက်ဟာ White Island ကျွန်းဝန်းကျင်မှာ ရှာဖွေရေးလုပ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ရေငုပ်ရှာဖွေရာမှာ အခက်အခဲတွေ ရှိနေပြီး တချို့နေရာတွေမှာ ရေအနက် ၆ ပေခွဲ အထိသာ မြင်ကွင်း သဲသဲကွဲကွဲ မြင်ရတယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။
1 year Ago