သေဆုံးသူ ၁၄၀

July 10, 2020

တရုတ်တွင် ရေကြီးမြေပြိုခြင်းကြောင့် ဇူလိုင် ၁၀ ရက်အထိ သေဆုံးသူ ၁၄၀ ရှိလာ

တရုတ်နိုင်ငံအနှံအပြားမှာ ရေကြီးနေပြီး ဇူလိုင်လ ၁၀ ရက်အထိ သေဆုံးသူ အနည်းဆုံး  အယောက် ၁၄၀  ရှိခဲ့ပါပြီ။  နိုင်ငံပိုင်ရုပ်သံရဲ့ ထုတ်လွင့်ချက်အရလည်း တောင်ပိုင်းပြည်နယ်တော်တော်များများမှာ ရေကြီးနေပါတယ်။  ဟူဘေး၊ ကျန်းရှီး၊ ကျဲ့ကျန်းပြည်နယ်တွေမှာ ဒီရက်ပိုင်း အရေးပေါ် ကယ်ဆယ်မှုတွေ လုပ်ခဲ့ ရပါတယ်။  ရေကြီးမြေပြိုမှုတွေကြောင့် တနိုင်ငံလုံးအဆင့် အရေးပေါ်အခြေအနေကို ဇူလိုင် ၇ ရက်က အဆင့်မြှင့်တင်ထားပါတယ်။  ရေကြီးမှုတွေကြောင့် ဆုံးရှုံးမှုဟာ ဒေါ်လာ ၈ ဒဿမ ၈ ဘီလီယံလောက်ရှိတယ်လို့ ရိုက်တာ သတင်းက ဖော်ပြထားပါတယ်။  တရုတ်နိုင်ငံနေရာအနှံ့မှာ ဒီနေ့လည်း မိုးသည်းထန်တာတွေနဲ့ ရေကြီးမှုတွေ ဆက်ဖြစ်မယ်လို့ သတင်းတွေက ဆိုပါတယ်။   
10 months Ago
Up