ဘိုလီးဗီးယားနိုင်ငံ ထရီနီဒက်မြို့မှာ ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးသူအရေအတွက် တရှိန်ထိုး တက်လာတာကြောင့် သေဆုံးသူတွေကို မြှုပ်နှံဖို့ သုဘရာဇာတွေ အချိန်ပိုဆင်း အလုပ်လုပ်နေကြပါတယ်။
မေ ၂၄ ရက်က ထရီနီဒက်မြို့မှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူဟာ စာရင်းအရ ၆၅ ယောက်ပဲ ရှိပါတယ်။ ဒါပေမဲ့ ဒေသရဲ့သုသာန်မှာတော့ လောလောလတ်လတ် မြှုပ်နှံထားတဲ့ မြေကျင်းပေါင်း ရာချီကို တွေ့ရပါတယ်။
ထရီနီဒက်မြို့မှာ ဘင်နီပြည်နယ် အမေဇုန်ဒေသမှာ တည်ရှိပြီး နိုင်ငံရဲ့ အဆင်းရဲဆုံး ဒေသတွေထဲက တခု ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့တာကို ထိန်းချုပ်တဲ့အနေနဲ့ အာဏာပိုင်တွေက ဒေသတွင်း အဝင်အထွက်တွေကို ကန့်သတ်ထားပါတယ်။
တောင်အမေရိက ကုန်းပိတ်နိုင်ငံတခုဖြစ်တဲ့ ဘိုလီးဗီးယားမှာ မေ ၂၅ ရက်အထိ ကိုဗစ်-၁၉ ကူးစက်သူ ၆,၂၀၀ ကျော်ရှိပြီး သေဆုံးသူ ၂၅၀ ရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
11 months Ago