သေဆုံးသူ ဒုတိယအများဆုံး

March 26, 2020

စပိန်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ဒုတိယအများဆုံးဖြစ်လာ

စပိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးသူဦးရေဟာ မတ် ၂၆ ရက်မှာ ၃,၆၄၇ ဦးအထိ ရှိသွားတာမို့ ဗိုင်းရပ်စ် စတင်ပြန့်ပွားခဲ့ရာ တရုတ်ပြည်ထက်ကျော်လွန်ပြီး အီတလီအနောက်မှာ ကမ္ဘာ့ဒုတိယ အသေအပျောက် အများဆုံး နိုင်ငံဖြစ်လာခဲ့ပါတယ်။  စပိန်မှာ မတ် ၂၅ ရက်နေ့ သေဆုံးသူဦးရေက တနေ့တည်း ၇၃၈ ဦးအထိ ရှိခဲ့သလို၊ ထိပ်တန်းအစိုးရဝန်ကြီးတဦးလည်း တတိယမြောက် ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ အစိုးရအဖွဲ့ဝင်ဖြစ်လာ ခဲ့ပါတယ်။  စပိန်ဟာ အီတလီနောက်မှာ ဗိုင်းရပ်စ်ကြောင့် လူသေပျောက်နှုန်း အများဆုံးဖြစ် လာပြီး အခုဆိုရင် နိုင်ငံတဝန်းစောင့်ရှောက်ရေးဂေဟာတွေမှာလည်း လူနာတွေ ပြည့်ကျပ်နေပါတယ်။  မက်ဒရစ်မြို့မှာဆိုရင် ရေခဲပြင်စကိတ်ကွင်းတခုကို ယာယီရင်ခွဲရုံအဖြစ် ပြုလုပ်ထားရပါတယ်။ မတ် ၂၅ ရက်နေ့က လက်ထောက်ဝန်ကြီးချုပ် မစ္စကာမန် ကယ်လ်ဗိုမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိပေမဲ့ အစိုးရကတော့ သူမ ကျန်းမာရေးကောင်းနေကြောင်း ထုတ်ပြန်ထားပါတယ်။  စပိန်မှာ လက်ရှိထုတ်ပြန်ထားတဲ့ အရေးပေါ်အခြေအနေ ၁၅ ရက်ကို နောက်တကျော့ထပ်တိုးဖို့ ပါလီမန်အစည်း အဝေးကိုလည်း မတ် ၂၅ ရက်နေ့က လုပ်ခဲ့ပြီး အတိုက်အခံပြညသူ့ပါတီက ထောက်ခံမှုပေးခဲ့လို့ နောက်ထပ် ၁၅ ရက်သက်တမ်း တိုးသွားမှာပါ။ ဒါ့ကြောင့် မတ် ၁၄ ရက်နေ့ကစခဲ့တဲ့ပိတ်ဆို့မှုက ရက် ၃၀ ကြာဦးမှာဖြစ်ပါတယ်။
1 year Ago
Up