သေဆုံးသူ၏မိသားစု

September 18, 2021

ဒူတာတေးအစိုးရကို ICC က စုံးစမ်းစစ်ဆေးမည့်အပေါ် သေဆုံးသူ၏မိသားစုများ ကြိုဆို

ဒူတာတေးခေါင်းဆောင်တဲ့ ဖိလစ်ပိုင်စိုးရရဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေ အတွက် တရားဝင်စုံစမ်းစစ်ဆေးဖို့  နိုင်ငံတကာရာဇ၀တ်မှုတရားရုံး (ICC) က စက်တင်ဘာ ၁၅ ရက်က အတည်ပြုပြီးနောက်  မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစစ်ပွဲအတွင်း သေဆုံးခဲ့ရသူတွေရဲ့မိသားစုတွေဟာ တရားမျှတမှုရရှိဖို့ မျှော်လင့်ချက်ပိုရှိသွားပြီး ကျေးဇူး တင်နေကြပါတယ်။ 

အသက် ၄၀ ကျော် မေရီဂျိန်း ဂီရန်ကိုဟာ သူ့ရဲ့ အသက် ၃၁ နှစ်အရွယ် မောင်ငယ်ကို ၂၀၁၆ ခုနှစ် စက်တင်ဘာလက မူးယစ်ဆေးရောင်းတယ်လို့ စွပ်စွဲခံရပြီး ရဲတွေ သတ်ဖြတ်တာ ခံခဲ့ရတာကြောင့် ICC စုံစမ်းစစ်ဆေးမှုတွေ စတင်မယ့်ကြေညာချက်ကို ကြိုဆိုခဲ့ပါတယ်။

တရားမျှတမှု ရတော့မယ်လို့ မိသားစုက ယုံကြည်နေပြီး အပြစ်ရှိသူတွေလည်း တာဝန်ခံရပါမယ်လို့ ကွယ်လွန်သူ မောင်ငယ်ရဲ့ သင်္ချိုင်းဂူရှေ့မှာ မေရီဂျိန်းက ရိုက်တာကို ‌ပြောပါတယ်။ 

မူးယစ်ဆေးဝါးစစ်ပွဲတုန်းက သေဆုံးခဲ့သူတွေရဲ့ ရုပ်ကြွင်းတွေကို မြှုပ်နှံထားတဲ့ မြို့တော်မြောက်ပိုင်းရှိ အများပြည်သူသုသာန်မှာ ငှားရမ်းသက်တမ်း ကုန်ဆုံးသွားတဲ့ ရုပ်ကြွင်း ၇ ခု ကို စက်တင်ဘာ ၁၇ ရက် သောကြာနေ့က မီးသင်္ဂြိုဟ်ခဲ့ပါတယ်။ 

လူ့အခွင့်အရေးအဖွဲ့တွေက ဒူတာတေးဟာ သေစေနိုင်တဲ့ အကြမ်းဖက်မှုတွေကို လှုံ့ဆော်ပေးခဲ့တယ်လို့ စွပ်စွဲထားပြီး ရဲတွေဟာလည်း မဲဆွယ်စည်းရုံးရေးရဲ့ တစိတ်တပိုင်းအဖြစ် လက်နက်မဲ့ မူးယစ်ဆေးဝါး သံသယတရားခံတွေကို အကြီးအကျယ် သတ်ဖြတ်ခဲ့တယ်လို့လည်း ပြောပါတယ်။ ရဲတွေကတော့ အဲ့ဒါကိုငြင်းဆန်ထားပါတယ်။

ဒူတာတေးကလည်း ရဲတွေကို ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ဖို့သာ သတ်ဖို့ အမိန့်ပေးခဲ့တယ်လို့ ပြောဆိုပါတယ်။ 

ဖိလစ်ပိုင်အစိုးရကတော့ သူ့ရဲ့နာမည်ဆိုးထွက်နေတဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်အကြောင်းကို နိုင်ငံတကာစုံစမ်းစစ်ဆေးရေးအဖွဲ့ (ICC) နဲ့ ပူးပေါင်းမှာမဟုတ်သလို စုံစမ်းစစ်ဆေးသူတွေကိုလည်း နိုင်ငံထဲ ဝင်ခွင့်မပြုဘူးလို့ စက်တင်ဘာ ၁၆ ရက်က ပြောထားပါတယ်။ 

ဖိလစ်ပိုင်နိုင်ငံဟာ ၂၀၁၆ ခုနှစ်ဇူလိုင်လကနေ ၂၀၁၉ ခုနှစ်မတ်လအထိ ICC အဖွဲ့ဝင် ဖြစ်ခဲ့ပြီး အဲဒီနောက်ပိုင်း နုတ်ထွက်ထားပါတယ်။ 

2 years Ago
Up