သေဆုံးသူတိုး

December 31, 2020

ကိုရီးယားသက်ကြီးဂေဟာတွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူတိုးလာ

တောင်ကိုရီးယား သက်ကြီးဂေဟာတွေမှာ ကိုဗစ်-၁၉ ရောဂါကြောင့်  သေဆုံးသူ တိုးလာပြီးနောက်  သက်ကြီးဂေဟာမှာ နေကြတဲ့ ကိုဗစ်လူနာတွေကို တခြားနေရာဆီ လွှဲပြောင်းခဲ့ပါတယ်။ ဒီဇင်ဘာ ၃၁ ရက်က တောင်ကိုရီးယားမှာ စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ခံရသူ  ၆၀,၀၀၀ ကျော်လွန်ခဲ့ပြီး အဲဒီနေ့ အသစ်ကူးစက်သူ ၉၆၇  ယောက် ရှိခဲ့ပါတယ်။  ဒါ့အပြင် သက်ကြီးဂေဟာ ဒါမှမဟုတ် သက်ကြီးဆေးရုံမှာ နေကြသူ ၃၁၆ ယောက်  သေဆုံးခဲ့တယ်လို့လည်း  ရောဂါထိန်းချုပ်ရေးနဲ့ ကြိုတင်ကာကွယ်ရေး အေဂျင်စီ  (KDCA) ကဆိုပါတယ်။  ဒီဇင်ဘာ ၂၉ ရက်က ဆိုရင် တစ်နေ့တည်း သေဆုံးသူ အယောက် ၄၀ နဲ့ စံချိန်တင်ခဲ့ပြီး သေဆုံးသူတွေရဲ့ ၇၀ ရာခိုင်နှုန်းဟာ ဂေဟာ ဒါမှမဟုတ် ဆေးရုံမှာ နေကြသူတွေ ဖြစ်ပါတယ်။  ဒါ့အပြင်  ဆိုးလ်မြို့ရှိ ဒေါင်ဘူအကျဉ်းထောင်မှာ ပိုးကူးစက်သူ  ၇၉၂ ယောက် တွေ့ရှိပြီးနောက် အကျဉ်းသားတွေနဲ့ တွေ့တာ ၊ အလုပ်လုပ်တာနဲ့ စာသင်တာတွေကို တားမြစ်တဲ့ အမြင့်ဆုံး စည်းကမ်းချက်တွေကို တရားရေးဌာနက ဒီဇင်ဘာ ၂၉ ရက်မှာ  ထုတ်ပြန်ခဲ့ပါတယ်။ 
1 year Ago

September 14, 2020

ဥရောပ၌ လာမည့် ၂ လအတွင်း ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူတိုးမည်ဟု WHO ပြော

ဥရောပမှာ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် တရက်အတွင်း သေဆုံးသူဦးရေဟာ အောက်တိုဘာနဲ့ နိုဝင်ဘာမှာ ပိုတိုးလာမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က မျှော်လင့်ထား တယ်လို့ WHO ရဲ့ ဥရောပရုံးခွဲအကြီးအကဲက AFP သတင်းဌာနကို စက်တင်ဘာ ၁၄ ရက်မှာ ပြောလိုက်ပါတယ်။  ပိုပြီးကြပ်တည်းလာပြီး အောက်တိုဘာနဲ့နိုဝင်ဘာမှာ အသေအပျောက် ပိုများလာတာ မြင်ရလိမ့်မယ်လို့  WHOရဲ့ ဥရောပရုံးခွဲ ဒါရိုက်တာ ဟန်စ် ကာလုဂ်က ပြောပါတယ်။  လောလောဆယ် ဥရောပမှာ ကူးစက်ခံဦးရေ တိုးလာနေပေမဲ့ သေဆုံးသူဦးရေက တည်ငြိမ်နေဆဲပါ။  “ဒါဟာ ဘယ်နိုင်ငံကမဆို မကြားချင်တဲ့ သတင်းဆိုးပဲ၊ အပြုသဘောဆောင်တဲ့ သတင်းစ ကားကတော့ ကူးစက်ကပ်ဘေးက အဆုံးသတ်တော့မှာပါ” လို့ ကာလုဂ်က AFP သတင်း ဌာနနဲ့ လူတွေ့ မေးမြန်းခန်းမှာ ပြောပါတယ်။  ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်မှုကို တုံ့ပြန်ရေး ဆွေးနွေးဖို့နဲ့ ငါးနှစ်ဗျူဟာကို သဘောတူ ညီချက်ယူဖို့ အဖွဲ့ဝင် ၅၅ နိုင်ငံပါတဲ့ WHO Europe ဌာနဟာ စက်တင်ဘာ ၁၄ နဲ့၁၅ ရက်တွေမှာ အွန်လိုင်းအစည်းအဝေး ကျင်းပမှာ ဖြစ်ပါတယ်။  “ကာကွယ်ဆေးဟာ ကူးစက်ကပ်ဘေးကို အဆုံးသတ်မှာတော့ မဟုတ်သေးဘူး။ ကာ ကွယ်ဆေးဟာ လူမျိုးစု အားလုံးအတွက် ဆေးတိုးရဲ့လားဆိုတာ မသိသေးဘူး။ ဒါကြောင့် မတူတဲ့ ကာကွယ်ဆေးတွေကို မှာယူရလိမ့်မယ်၊ သယ်ယူပို့ဆောင်ရေးအတွက် အိပ်မက်ဆိုးပဲ” လို့ လည်း သူက ပြောပါတယ်။  စက်တင်ဘာ ၁၁ ရက် တရက်တည်းမှာ ဥရောပ ၅၅ နိုင်ငံအတွင်း ကူးစက်ခံအသစ် ၅ သောင်း ၁ ထောင်ကျော်ခဲ့ပြီး စပိန်နဲ့ ပြင်သစ်မှာ ကူးစက်နှုန်း တိုးနေတယ်လို့ AFP သတင်းဌာနက ဖော်ပြပါတယ်။ 
1 year Ago
Up