သေဆုံးမှု အများဆုံ

March 7, 2020

အီတလီတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရက်တည်း ၄၉ ဦး သေဆုံး

တရုတ်ပြည်ပြင်ပမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် လူသေဆုံးမှု အများဆုံးနိုင်ငံဖြစ်နေတဲ့ အီတလီနိုင်ငံမှာ မတ် ၆ ရက်နေ့ တရက်အတွင်း ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၄၉ ဦးအထိ ရှိလာပါတယ်။ ဒါဟာ အီတလီအတွက် ၂၄ နာရီကာလအတွင်း လူသေဆုံးမှုနှုန်း အမြင့်မားဆုံး ဖြစ်လာတာပါ။ ဒါ့အပြင် အီတလီမှာ ဗိုင်းရပ်စ် ကူးစက်ခံရသူဦးရေ စုစုပေါင်းဟာလည်း ၄၆၀၀ ကျော်သွားပြီလို့ တာဝန်ရှိသူတွေက ထုတ်ပြန်ထားပါတယ်။ အီတလီနိုင်ငံဟာ ဥရောပမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုနှုန်း အမြင့်ဆုံးနိုင်ငံ ဖြစ်နေပြီး၊ မတ် ၇ ရက်နေ့အထိ သေဆုံးသူ ဦးရေကလည်း စုစုပေါင်း ၁၉၇ ဦးအထိ ရှိလာပါပြီ။ အီတလီမှာ အစိုးရက စာသင်ကျောင်းတွေအားလုံးကို ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ပိတ်ပစ်ဖို့ အမိန့်ထုတ်ပြန်ထားခဲ့ပြီးဖြစ်တယ်လို့ ရိုက်တာသတင်းက ဖော်ပြထားပါတယ်။  ဒီနေ့မနက်ပိုင်းအထိ ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၀၂၂၃၅ ဦး၊ သေဆုံးသူ ၃၄၉၆ ဦးနဲ့ ရောဂါသက်သာ ပျောက်ကင်းသူ ၅၇၆၂၂ ဦးရှိတယ်လို့ သိရပါတယ်။
1 year Ago
Up