သေဆုံးမှုအမြင့်ဆုံး

August 6, 2021

အင်ဒိုနီးရှားတွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၁ သိန်းကျော်၊ အာဆီယံဒေသတွင်း သေဆုံးမှုအမြင့်ဆုံး ဖြစ်

အာဆီယံဒေသတွင်း ရောဂါကူးစက်မှုနဲ့ သေဆုံးမှုအမြင့်ဆုံးနိုင်ငံတနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူအရေအတွက်ဟာ ၁ သိန်း ကျော်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ခုရက်ပိုင်းတွေမှာတော့ အာဆီယံဒေသတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအရေ အတွက် သိသိသာသာ မြင့်တက်နေခဲ့ပြီး တရက်တည်း ကူးစက်ခံရသူအရေအတွက် ၉၇,၆၇၉ ယောက်နဲ့ တရက်အတွင်း သေဆုံးသူအရေအတွက်ကတော့ ၂,၉၆၅ ယောက် ရှိ နေခဲ့တာပါ။

ဒါကြောင့်မို့ လတ်တလောအချိန်ထိ အာဆီယံဒေသတွင်း နိုင်ငံတွေထဲ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၇ ဒသမ ၇၅ သန်းကျော်လာခဲ့ပြီဖြစ်ကာ သေဆုံးသူ စုစုပေါင်း ၁၆၁,၇၄၈ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးသူ ၁ သိန်းကျော်လာခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံကတော့ အာရှဒေသတွင်းနိုင်ငံတွေထဲ သေဆုံးမှုအမြင့်ဆုံးအဆင့် ၂ နေရာမှာ ရှိနေပြီး ကမ္ဘာ့နိုင်ငံတွေထဲ အဆင့် ၁၂ နေရာမှာ ရှိနေတာပါ။

အင်ဒိုနီးရှားနိုင်ငံမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူတွေရဲ့ ၃ ပုံ ၁ ပုံကတော့ ပြီးခဲ့ တဲ့ ဇူလိုင်လအတွင်းက သေဆုံးခဲ့သူတွေဖြစ်ကာ ဒယ်လ်တာမျိုးဗီဇပြောင်းကိုဗစ်-၁၉ ကူး စက်ခံရမှုတွေကြောင့်ဖြစ်ပြီး အများစုဟာ ဆေးရုံကုတင်မလုံလောက်မှုတွေကြောင့် ဆေး ကုသမှုခံယူဖို့ စောင့်ဆိုင်းနေရချိန်အတွင်း သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။

ဒေသတွင်း နိုင်ငံတနိုင်ငံဖြစ်တဲ့ မလေးရှားနိုင်ငံမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရောဂါကူးစက်ခံရသူ ၂ သောင်းကျော်၊ သေဆုံးသူ ၁၆၄ ယောက်ရှိခဲ့ပြီး စုစုပေါင်း ရောဂါ ကူးစက်ခံရသူ ၁ ဒသမ ၂ သန်းကျော်နဲ့ သေဆုံးသူပေါင်း ၁ သောင်းကျော် ရှိလာခဲ့ပါ တယ်။ ဒါဟာ မလေးရှားနိုင်ငံမှာ ပထမဆုံး တရက်အတွင်း ရောဂါကူးစက်မှုအသစ် ၂ သောင်းကျော်လာခဲ့တာဖြစ်ပြီး ဇူလိုင်လလယ်ကတည်းက နေ့စဉ်ကူးစက်မှုဟာ ၁ သောင်းကျော်ဝန်းကျင်သာ ရှိခဲ့တယ်လို့ ဆိုပါတယ်။

       အာဆီယံဒေသတွင်းမှာတော့ ကိုဗစ်-၁၉ သန်းချီကူးစက်ခံ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှားနိုင်ငံတွေပြီးရင် ထိုင်းနိုင်ငံက ရောဂါကူးစက်ခံရသူပေါင်း ၇ သိန်းနီးပါးနဲ့ ရပ် တည်နေပြီး အဲဒီနောက်မှာတော့ မြန်မာနိုင်ငံက ရောဂါကူးစက်ခံရသူပေါင်း ၃ သိန်းကျော် နဲ့ ရှိနေတာ ဖြစ်ပါတယ်။

       ပြည်သူ့ကျန်းမာရေးဆိုင်ရာ ပညာရှင်တွေကတော့ ကိုဗစ်-၁၉ ရောဂါကူးစက်မှုဟာ လာမယ့် စက်တင်ဘာလလယ်အထိ အမြင့်ဆုံးအခြေအနေထိ ရောက်ရှိလာနိုင်ပြီး လော့ခ် ဒေါင်းကန့်သတ်ချက်တွေကြောင့် အောက်တိုဘာလအတွင်းမှာ တရက်ကို ရောဂါကူးစက် ခံရသူအရေအတွက် ၁,၀၀၀ ဝန်းကျန်ထိ လျော့ကျလာနိုင်တယ်လို့ ခန့်မှန်းထားကြပါ တယ်။

       ကမ္ဘာတဝန်းမှာတော့ လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၂၀၁ သန်းကျော်၊ သေဆုံးသူပေါင်း ၄ ဒသမ ၂၈ သန်းကျော်နဲ့ ရောဂါပြန်လည်ပျောက်ကင်း သက်သာလာသူပေါင်း ၁၈၁ ဒသမ ၄၄ သန်းကျော် ရှိနေတာ ဖြစ်ပါတယ်။

4 months Ago
Up