အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကိုရိုနာဗိုင်းရပ်စ်ဆေးအဖြစ် ညွှန်းထားတဲ့ ငှက်ဖျားဆေး ဟိုက်ဒရိုဇီ ကလိုရိုကွင်းဟာ ဆေးရုံတင်ထားရတဲ့ ကိုဗစ်-၁၉ လူနာတွေကြား သေဆုံးမှုနှုန်း တိုးစေတယ်လို့ သိရပါတယ်။
ဆေးသိပ္ပံသုတေသနဂျာနယ် လန့်ဆက် lancet မှာ ဖော်ပြခဲ့တဲ့ လေ့လာမှုအရ ကိုဗစ်-၁၉ အတည်ပြုလူနာ ကိုးသောင်းခြောက်ထောင်ကျော်ကို လေ့လာခဲ့ရာမှာ ဟိုက်ဒရိုဇီ ကလိုရိုကွင်းနဲ့ ကုသခံရတဲ့ လူနာတွေဟာ သေဆုံးနိုင်ခြေ မြင့်မားသလို၊ တခြား ဆေးပေးမခံရတဲ့လူနာတွေထက် နှလုံးခုန်နှုန်း ပြဿနာလည်း ရှိတယ်ဆိုပါတယ်။
သမ္မတဒေါ်နယ်ထရမ့်ဟာ ဒီဆေးကို သိပ္ပံနည်းကျ အထောက်အထားတွေမရှိသေးပေမဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးအဖြစ် သူ သောက်သုံးနေကြောင်း ဒီအပတ်ထဲမှာ ပြောခဲ့တယ်လို့ ရိုက်တာမှာ ဖော်ပြထားပါတယ်။
11 months Ago