သေဆုံးဒဏ်ရာရမှု

September 5, 2022

ဒီးမော့ဆိုတိုက်ပွဲတွင် စစ်ကောင်စီတပ်များ သေဆုံးဒဏ်ရာရပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းခံရ

ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ  စက်တင်ဘာ ၄ ရက်က တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား တယောက်သေဆုံးကာ လက်နက်ခဲယမ်းနဲ့ ကျည်ဆန်တွေ သိမ်းဆည်းရမိတယ်လို့  KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနက သတင်းထုတ်ပါတယ်။

ဒီမနက် ၆ နာရီခွဲလောက်က ဒီးမော့ဆိုမြို့နယ် ငွေတောင်ရွာသစ်ကျေးရွာအနီး စစ်ကြောင်းထိုး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ကရင်နီတပ်မတော် (KA)၊ KNDF B/10 တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

၄ နာရီကြာတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် တယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာ အပြင်းအထန် ရရှိသူတွေလည်း ရှိခဲ့သလို MA-3 သေနတ် တလတ်၊ ခဲယမ်းနဲ့ကျည်ဆန်တွေ သိမ်းဆည်းရမိကာ ကရင်နီတပ်တွေကတော့ ထိခိုက်ဒဏ်ရာရတာမရှိခဲ့ဖူးလို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ဒီနေ့မွန်းလွဲ ၁ နာရီခွဲလောက်ကလည်း ဖရူဆိုမြို့နယ် ၊ ဒေါညေးခူကျေးရွာနဲ့ ထီးပေါ့ဆိုကျေးရွာများအနီး စစ်ကြောင်းထိုး တပ်စွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ကို KA ၊ KNDF B/04 ၊ B/15 တို့ပူးပေါင်းပြီး  ၂ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

Photo-KNDF

7 months Ago

November 7, 2020

ဆန္ဒပြသူများ သေဆုံးဒဏ်ရာရမှု စုံစမ်းစစ်ဆေးမည်ဟု အီရတ်ပြည်ထဲရေးပြော

အီရတ်ပြည်ထဲရေးဌာနက လူသေဆုံးတဲ့ သတင်းကို အတည်ပြုခဲ့ပေမဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် တွေကို ပစ်ခတ်ခွ့င်ပြုမထားဘဲ  ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးသွားမယ်လို့ သတင်းထုတ်ပြန်ပါတယ်။ အီရတ်နိုင်ငံ တောင်ပိုင်း ဘတ်စ်ရာမြို့မှာ နိုဝင်ဘာ ၆ ရက် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲအတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေက  ကျည်အစစ်တွေနဲ့ ပစ်ခတ်ခဲ့လို့ ဆန္ဒပြသူ ၁ ယောက် သေဆုံးပြီး အယောက် လေးဆယ်ထက် မနည်း ဒဏ်ရာရတယ်လို့ လုံခြုံရေး သတင်းရင်းမြစ်တွေနဲ့ လူ့အခွင့်အရေး အရာရှိတို့က အတည်ပြု ပြောဆိုပါတယ်။  နိုဝင်ဘာ ၆ ရက်က  ဒါဇင်ချီတဲ့ဆန္ဒပြသူတွေဟာ လမ်းပေါ်ထွက် ဆန္ဒပြပြီး အလုပ်အကိုင်တွေနဲ့ အခြေခံဝန်ဆောင်မှုတွေ ရရှိရေး တောင်းဆိုခဲ့ကြတာလည်း ဖြစ်ပါတယ်။ လက်ရှိ ဝန်ကြီးချုပ် ခါဒီမီဟာ အဲဒီတောင်းဆိုချက်တွေ မဖြည့်ဆည်းပေးနိုင်တာနဲ့  သပိတ်စခန်းတွေ ရှင်းလင်းပစ်တာကြောင့်  ဆန္ဒပြသူတွေက ဒေါသဖြစ်ကြတယ်လို့ လူ့အခွင့် အရေးအရာရှိ တစ်ဦးက ပြောပါတယ်။  နိုဝင်ဘာ ၅ ရက်က ဘတ်စ်ဆရာမြို့ကို လာရောက်တဲ့ ဝန်ကြီးချုပ် ခါဒီမီက အကြမ်းမဖက်တဲ့ ဆန္ဒပြသူတွေကို ကာကွယ်ပေးဖို့နဲ့ မနှစ်က လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အမည်မသိ သေနတ်သမားတွေ လက်ချက်နဲ့ သေဆုံးခဲ့သူတွေအတွက် တရားမျှတမှု ရှိအောင် လုပ်ပေးမယ်လို့ ကတိပြုခဲ့ပါတယ်။ 
2 years Ago
Up