သြစတြေးလျနိုင်ငံမှာ ကျန်ခဲ့တဲ့ နွေရာသီ တောမီးလောင်မှုအတွင်း ကိုအာလာ ဝက်ဝံ ကောင်ရေ ၆ သောင်းကျော် သေဆုံးဒဏ်ရာရသလို တောပြောင်း ထွက်ပြေးခဲ့ရတယ်လို့ ကမ္ဘာ့ သားရိုင်းရန်ပုံငွေအဖွဲ့ (WWF)က ဒီဇင်ဘာ ၇ ရက်မှာ ခန့်မှန်းပြောဆိုလိုက်ပါတယ်။
နဂိုက ဒုက္ခရောက်နေပြီးသား သက်ရှိ မျိုးစိတ်တရပ်အတွက် နက်နက်ရှိုင်းရှိုင်း စိုးရိမ်စရာ ကောင်းတဲ့ အရေအတွက်ပဲလို့လည်း ပြောပါတယ်။
မနှစ်က နွေရာသီတောမီးအတွင်း လူ ၃၃ ဦး သေဆုံးပြီး သစ်တောမြေဧက ၅၉ သန်း ပျက်စီးခဲ့လို့ ဝန်ကြီးချုပ် စကော့မောရစ်ဆင်က အနက်ရောင် နွေရာသီလို့ နာမည်ပေးခဲ့ပါတယ်။
တောမီးလောင်တဲ့ လမ်းတလျှောက်မှာ ဒေသခံတိရစ္ဆာန် ကောင်ရေ ၃ ဘီလီယံ နီးပါး ရှိခဲ့ လိမ့်မယ်လို့ WWF ရဲ့ လေ့လာချက် စစ်တမ်းက ဆိုပါတယ်။
သြစတြေးလျတောင်ပိုင်းပြည်နယ်က သားပိုက်ကောင်ကျွန်းဟာ ကိုအာလာ ဝက်ဝံတွေ အဆိုးဆုံး ထိခိုက်ခံရတဲ့ နေရာပါ။
ကိုအာလာ ဝက်ဝံကောင်ရေ လေးသောင်းလောက် တောမီးဒဏ် ခံခဲ့ရတယ်လို့ WWF က ပြောပါတယ်။
ဗစ်တိုးရီးယားပြည်နယ်မှာတော့ ကောင်ရေ ၁၁၀၀၀ နဲ့ နယူးဆောက်သ်ဝေးပြည်နယ်မှာ ကောင်ရေ ၈၀၀၀ လောက် တောမီးဘေးသင့်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် သြစတြေးလျကို ပြန်လည်အသက်သွင်းရေးအစီအစဉ်အရ ၂၀၅၀မှာ သြစတြေးလျအရှေ့ပိုင်းမှာ ကိုအာလာ ကောင်ရေ ၂ဆ တိုးရေး WWF က ရည်မှန်း ထားပါတယ်. အစီအစဉ်ထဲမှာ ကိုအာလာတွေ စားစရာနဲ့ နေစရာပေးတဲ့ ယူကလစ်ပင်ရဲ့ အစေ့တွေကို ဒရုမ်းယာဉ်တွေနဲ့ လိုက်ကြဲဖို့လည်း ပါပါတယ်။
5 months Ago