သေချ

September 4, 2020

မက်ဆီ ဘာစီလိုနာတွင်ဆက်ရှိရန် ၉၀ ရာခိုင်နှုန်းသေချာဟု သတင်းထွက်ပေါ်

မန်စီးတီးနဲ့ အပြောင်းအရွှေ့သတင်းထွက်နေတဲ့ မက်ဆီဟာ ဘာစီလိုနာမှာဆက်နေဖို့ ၉၀ ရာခိုင်နူန်း လောက် သေချာသွားပြီလို့သိရပါတယ်။  မက်ဆီရဲ့ ဖခင်နဲ့ အေးဂျင့်တို့ဟာ စက်တင်ဘာ ၂ ရက်နေ့မှာ အသင်းဥက္ကဋ္ဌ ဘာတိုမြူနဲ့ မိနစ် ၉၀ ခန့်ကြာ ဆွေးနွေးခဲ့ကြတာပါ။  အဲဒီဆွေးနွေးအပြီး ထွက်ပေါ်လာတဲ့သတင်းတွေအရ မက်ဆီဟာ ဘာစီလိုနာမှာပဲ ဆက်နေဖို့ ၉၀ ရာခိုင်နူန်းလောက် သေချာသွားပြီလို့  အာဂျင်တီးနား မီဒီယာ TYC Sport ကဖော်ပြခဲ့တာပါ။  မက်ဆီရဲ့ဖခင်ဖြစ်သူ ဂျော့မက်ဆီကတော့ မက်ဆီအနေနဲ့ ဘာစီလိုနာမှာဆက်ရှိဖို့ ခက်ခဲသွားပြီလို့ သတင်းထောက်တွေကို ပြောကြားခဲ့ပေမဲ့ အသင်းနဲ့ ဆွေးနွေးခဲ့ပြီးနောက်မှာတော့ မက်ဆီဟာ ဘာစီလိုနာမှာပဲဆက်ကစားဖို့ ၉၀ ရာခိုင်နူန်းလောက်သေချာတယ်လို့ သတင်းထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။  မန်စီးတီးအသင်းနဲ့ အပြောင်းအရွှေ့ လုပ်ဆောင်နေသလားဆိုတဲ့မေးခွန်းအပေါ်မှာတော့ မသိရှိကြောင်းနဲ့ နည်းပြဂွါဒီယိုလာနဲ့လည်း စကားပြောတာ မရှိသေးကြောင်း မက်ဆီရဲ့ဖခင် ဂျော့မက်ဆီက ပြန်လည်ဖြေကြားခဲ့ပါတယ်။ 
1 year Ago
Up