သေကြောင်းကြံစည်မှု

October 22, 2020

ကိုဗစ်ကာလ ၆ လကျော်အတွင်း လူပေါင်း ၁၀၀၀ ကျော် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်

  မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ စတင်ဖြစ်ပွားတဲ့ မတ် ၃၁ ရက်နေ့ကနေ အောက်တိုဘာ ၇ ရက်နေ့အထိ ၆ လကျော်ကာလအတွင်း လူပေါင်း ၁၀၀၀ ကျော် ကိုယ့်ကိုယ်ကိုယ်သေကြာင်းကြံစည်ခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဒီဗွီဘီကို ပြောပါတယ်။  ဒီ ၆ လကျော်ကာလအတွင်းမှာ သေကြောင်းကြံစည်မှုစုစုပေါင်း ၁၀၃၀မှု ဖြစ်ပွားခဲ့ရာမှာ အမျိုးသား ၈၃၄ ယောက်နဲ့ အများဆုံးသေဆုံးပြီး အမျိုးသမီးကတော့ ၁၉၈ ယောက် သေဆုံးခဲ့ပါတယ်။  သေကြောင်းကြံစည်သူတွေမှာ မန္တလေးက ၁၄၇ ယောက်နဲ့ အများဆုံးရှိနေပြီး ပဲခူးက အယောက် ၁၄၀၊ ဧရာဝတီက ၁၀၇ ယောက်၊ ရှမ်းပြည်နယ်မှာ ၁၀၂ ယောက်၊ ရန်ကုန် ၁၀၁ ယောက်၊ မကွေး ၈၂ ယောက်၊ စစ်ကိုင်း ၇၂ ယောက်၊ တနင်္သာရီမှာ ၆၆ ယောက်၊ ရခိုင်နဲ့မွန်မှာ အယောက် ၅၀ စီ၊ ကချင်မှာ ၄၃ ယောက်၊ နေပြည်တော်မှာ အယောက် ၄၀၊ ကရင်မှာ ၂၂ ယောက်၊ ကယားနဲ့ ချင်းပြည်နယ်တို့မှာ ၄ ယောက်စီ ရှိခဲ့ပါတယ်။  ကိုယ့်ကိုယ့်ကိုယ် အဆုံးစီရင်သူတွေထဲမှာ အသက် ၂၆ နှစ်ကနေ အသက် ၄၀ အထိ လူပေါင်း ၃၇၆ ယောက်နဲ့ အများဆုံးဖြစ်ပြီး၊ အသက် ၄၀ နဲ့အထက်က ၃၆၆ ယောက်၊ ၁၉ နှစ်ကနေ ၂၅ နှစ်အထိ ၁၇၇ ယောက်၊ ၁၁ နှစ်ကနေ ၁၈ နှစ်အထိ ၁၀၉ ယောက်နဲ့ အသက် ၁၀ နှစ် အရွယ် သေကြောင်းကြံစည်သူက ၄ယောက်နဲ့ အနည်းဆုံးတွေ့ရပါတယ်။ သေကြောင်း ကြံစည်တဲ့ အကြောင်းရင်းတွေထဲမှာ ကျန်းမာရေးကြောင့်  သေကြောင်းကြံမှုက ၂၂၂ မှုနဲ့ အများဆုံးဖြစ်ပြီး လူမှုရေးပြဿနာကြောင့် ၂၁၁ မှု၊ စီးပွားရေးကြောင့် ၁၉၇ မှု၊ အရက်ကြောင့် ၁၈၄ မှု၊ စိတ်ဖိစီးမှုကြောင့် ၁၄၃ မှု၊ စိတ်ရောဂါကြောင့် ၇၃ မှု ရှိခဲ့ပါတယ်။ ဒါ့အပြင် ဆွဲကြိုးချမှု ၈၇၈ မှု၊ အဆိပ်သောက်မှု ၉၆ မှု၊ မိမိကိုယ်ကိုယ် ဓားနဲ့ထိုးမှု ၂၃ မှု၊  ရေထဲခုန်ချမှု ၁၁ မှု၊ တိုက်အမြင့်ပေါ်မှ ခုန်ချမှု ၁၀ မှု၊ မိမိကိုယ်ကိုယ် သေနတ်နဲ့ ပစ်မှု ၈ မှု၊ မိမိကိုယ်ကိုယ် မီးရှို့မှု ၂ မှု၊ ရထားရှေ့ပြေးဝင်မှု ၂ မှုတို့ဖြစ်ကြောင်း မြန်မာနိုင်ငံက ရဲတပ်ဖွဲ့က သိရပါတယ်။  
7 months Ago

September 15, 2020

ကိုရီးယားမင်းသမီး Oh In-hye ကွယ်လွန်၊ သေကြောင်းကြံစည်မှုသံသယဖြင့် ရဲစုံစမ်းနေ

ကိုရီးယား သရုပ်ဆောင်မင်းသမီးတလက်ဖြစ်တဲ့ Oh In-hye ရုတ်တရက် ကွယ်လွန်သွားပြီး  ဒါဟာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှု ဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့ သံသယနဲ့ ရဲတွေက စုံစမ်းစစ်ဆေးနေကြပါတယ်။ အသက် ၃၆ နှစ်အရွယ် မင်းသမီးဟာ အင်ချွန်းမြို့နေအိမ်မှာ စက်တင်ဘာ ၁၄ ရက်နေ့က မနက်အစောပိုင်း ၅ နာရီလောက်က သတိလစ်မေ့မြောနေတာကို တွေ့ရှိခဲ့ရပြီးနောက် အနီးက ဆေးရုံတခုမှာ အရေးပေါ်ဆေးဝါးကုသမှုခံခဲ့ရတယ်လို့ ဆိုပါတယ်။ The Korean Herald သတင်းမှာတော့ မင်းသမီး Oh In-hye ဟာ နှလုံးသွေးကြောဆိုင်ရာ အရေးပေါ်ဆေးဝါးကုသမှုတွေ ခံယူခဲ့ရပြီးနောက် သတိပြန်လည်လာခဲ့တယ်လို့ ဖော်ပြခဲ့ပေမယ့် ညနေပိုင်းမှာတော့ နှလုံးခုန်ရပ်သွားခဲ့ပြီး သေဆုံးခဲ့ပြီဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့တာပါ။ AllK-Pop သတင်းကတော့ ရဲပြောရေးဆိုခွင့်ရှိသူတဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး ခုလို ဖော်ပြထားပါတယ်။ “Oh In-hye ရဲ့ သူငယ်ချင်းတယောက်က ကျနော်တို့ဆီ အကြောင်းကြားခဲ့တာပါ။ ဒါပေမဲ့ ဘာကြောင့် သူက ရှိနေရတာလဲ၊ ကျနော်တို့အနေနဲ့ ဒါကို သေကြောင်းကြံစည်မှု သံသယ ရှိနေပါတယ်” လတ်တလောမှာတော့ ကိုရီးယားရဲဌာနက သေမှုသေခင်းဖွင့်ပြီး သေကြောင်းကြံစည်မှု သံသယနဲ့ လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ မင်းသမီး Oh In-hye ရဲ့ နာရေးအခမ်းအနားကိုတော့ အင်ချွန်းမြို့က အင်ဟာ တက္ကသိုလ် ဆေးရုံမှာ လာမယ့် စက်တင်ဘာ ၁၆ ရက်မှာ သီးခြားကျင်းပသွားမယ်လို့ ဆိုပါတယ်။ မင်းသမီးဟာ ၂၀၁၁ ခုနှစ်ထွက် Sin Of A Family ရုပ်ရှင်နဲ့အတူ ပရိသတ်အားပေးမှုတွေ ရရှိခဲ့ကာ Red Vacance Black Wedding (2011) နဲ့ A Journey With Korean Masters (2013) ရုပ်ရှင်တွေကလည်း ထင်ရှားတဲ့ ရုပ်ရှင်ကားတွေ ဖြစ်ခဲ့ပါတယ်။ သူဟာ ၂၀၁၁ ခုနှစ်က နာမည်ကြီး ရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ ဘူဆန်နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ရဲ့ ကော်ဇောနီပေါ်မှာ လှစ်ဟပြလွန်းတဲ့ ပွဲတက်ဝတ်စုံကြောင့် သတင်းမီဒီယာတွေရဲ့ ခေါင်းစီးသတင်းအနေနဲ့ ဖော်ပြခံခဲ့ရပါတယ်။
8 months Ago
Up