သေကြောင်းကြံစည်

June 25, 2020

မြန်မာနိုင်ငံတွင် ကိုဗစ်ကာလ ၃ လအတွင်း လူပေါင်း ၄၇ဝ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်

မြန်မာပြည်တွင်းမှာ ကိုဗစ်-၁၉ ကပ်ရောဂါစတင်ဖြစ်ပွားတဲ့ မတ်လ ၂၃ ရက်က စလို့ ဇွန်လ ၂၂ ရက်အထိ သုံးလတာကာလအတွင်း လူပေါင်း ၄၇၀ ဟာ စိတ်ဖိစီးမှုအပါအဝင် လူမှုရေး၊ ကျန်းမာရေး ပြဿနာတွေကြောင့် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ခဲ့ကြောင်း  မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲမှူးကြီးကျော်သီဟက ဒီဗွီဘီကိုပြောပါတယ်။ သေ‌ကြောင်းကြံစည်မှု  ၄၇၀ ထဲက လူပေါင်း ၄၇၀ လုံးသေဆုံးခဲ့ပြီး ဒီအမှုတွေဟာ နေပြည်တော်အပါအဝင် ပြည်နယ်နဲ့တိုင်းဒေသကြီး ၁၄ ခုလုံးမှာ ဖြစ်ပျက်ခဲ့တာပါ။ ဒီသေကြောင်းကြံစည်မှုတွေ ဖြစ်ပွားရတဲ့အကြောင်းအရင်းတွေကတော့ လူမှုရေးကိစ္စ၊ ကျန်းမာရေး မကောင်းတဲ့ကိစ္စ၊ စီးပွားရေးကိစ္စစတာတွေကြောင့်အပြင်၊ စိတ်ဖိစီးမှုဖြစ်တာ၊ အရက်ကြောင့် စိတ်ကစဉ့်ကလျားဖြစ်ကာ ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံစည်တာတွေအပြင် စိတ်ကျရောဂါကြောင့်လည်း သေကြောင်းကြံစည်တာတွေ ဖြစ်ခဲ့ကြောင်း ရဲမှူးကြီးကျော်သီဟက ပြောပါတယ်။ “ဖြစ်ပွားတာတွေထဲမှာကိုဗစ်ကာလဖြစ်တဲ့အတွက် ကျန်းမာရေးအရ စိုးရိမ်ပူပန်မှုတွေရှိတယ်။ အလုပ်အကိုင်ပြဿနာလေးတွေရှိနိုင်တယ်။ ငွေရေးကြေးရေးအခက်အခဲလေးတွေ ရှိနိုင်တယ်။ နောက်မိသားစုနဲ့ ခွဲခွာနေရတာရှိတယ်။ နောက်ခွဲခြားဆက်ဆံတာတွေ အဲလိုမျိုးပေါ့။ စိတ်ဖိစီးမှုတွေအတွက် အဲလိုမျိုးတွေ ဖြစ်ခဲ့တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှု ဖြစ်ပွားတယ်လို့ ကျနော်တို့က  သုံးသပ်ရပါတယ်။” သေကြောင်းကြံစည်သူ ၄၇၀ ထဲမှာ စိတ်ဖိစီးမှုကြောင့်သေကြောင်း ကြံစည်သူက  ၁၂၂ ယောက်နဲ့ အများဆုံးဖြစ်ပြီး လူမှုရေးကိစ္စတွေကြောင့် ၁၁၆ ယောက်၊ ကျန်းမာရေးမကောင်းတာကြောင့် ၇၈ ယောက်၊ စီးပွားရေးပြဿနာကြောင့် ၇၃ ယောက် ၊ အရက်ကြောင်ကြောင်ပြီး သေကြောင်းကြံစည်တာက ၆၅ ယောက်နဲ့ စိတ်ကျရောဂါကြောင့် သေကြောင်းကြံစည်သူ  ၇ ယောက် ပါဝင်ပါတယ်။ ကိုဗစ်ကာလဟာ သာမန်မဟုတ်တဲ့ အခြေအနေဖြစ်တာကြောင့် လူတိုင်းနီးပါးစိတ်ဖိစီးမှုတွေ၊ စိတ်ညစ်တာတွေ၊ စိတ်ဓာတ်ကျဆင်းမှုတွေ ကြုံတွေ့နိုင်ကြောင်း၊ ဖြစ်သင့် ဖြစ်ထိုက်တာထက် ပိုများတာ၊ နောက်ပိုကြာနေရင်တော့ စိတ်ပိုင်းဆိုင်ရာ ဖောက်ပြန်မှုအပြင်  စိတ်ကျရောဂါတွေ ဖြစ်လာနိုင်ကြောင်း၊ စိတ်ပျော့တဲ့သူဆိုရင် စိတ်ဖိစီးမှုတွေဖြစ်လာနိုင်ကြောင်းနဲ့ ဒီလိုဖြစ်လာပါက စိတ်ပညာရှင်နဲ့ တွေ့ပြီး နှစ်သိမ့်ဆွေးနွေးတာတွေလုပ်သင့်ကြောင်း  မြန်မာနိုင်ငံစိတ်ပညာအသင်းက ဒုဥက္ကဋ္ဌ  အငြိမ်းစားပါမောက္ခ ဒေါ်သက်ထားဝင်းကပြောပါတယ်။ “ဒါဟာလူတိုင်းခံစားရတာပဲ ငါတစ်ယောက်တည်းမှမဟုတ်ဘဲဆိုပြီး ရှောင်လွှဲလို့ မရနိုင်တဲ့ကိစ္စတွေဆိုတာကို သတိပြုရမယ်။ ဒါမှအမြင်မှန်ရသွားမယ်။ နောက်တချက်က ကိုယ့်ဆီမှာအပန်းဖြေနိုင်တဲ့အလုပ်ကလေးတွေပေါ့။ ပျော်စရာလေးတွေပြန်စဉ်းစားပါ။ ပျော်စရာကောင်းတဲ့ကိစ္စတွေလုပ်ပါ။  ကိုယ်ကဘာဝါသနာပါလဲ၊ ပုံဆွဲတာ၊ ပန်းချီဆွဲတာ၊ စာရေးတာ၊ သီချင်းနားထောင်တာ၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာ ဒါလေးတွေ ပြန်ပြန်ပြီးလုပ်ကြည့်ပါ။ စိတ်သက်သာရာရစေမယ့်နည်းလမ်းတွေ ဖန်တီးပါ။ သီချင်းတွေဘာတွေဆိုတာ လုပ်ပေးပါ။ ကိုယ့်ရဲ့ကျန်းမာရေးလည်း အထူးဂရုစိုက်ပါ။” သေကြောင်းကြံစည်တဲ့သူ ၄၇၀ ထဲမှာ မန္တလေးက ၇၃ နဲ့ အများဆုံးဖြစ်ခဲ့ပြီး၊ ပဲခူးတိုင်းက ၆၆ ယောက်ရှိခဲ့ကာ၊ ရန်ကုန်တိုင်းနဲ့ ရှမ်းပြည်နယ်တို့မှာ ၅၄ ယောက်စီ ရှိခဲ့ပါတယ်။  ချင်းပြည်နယ်မှာတော့ သေကြောင်းကြံစည်သူ ၃ ယောက်ရှိခဲ့ပြီး၊ သေကြောင်း ကြံစည်တာ အနည်းဆုံးဖြစ်ပါတယ်။ ဒီလို သေကြောင်းကြံစည်သူ အယောက် ၄၇၀ ထဲမှာ အမျိုးသား ၃၈၂ ယောက်ရှိပြီး ကျန်တဲ့ ၈၈ ယောက်ကတော့ အမျိုးသမီးတွေဖြစ်တဲ့အတွက် အမျိုးသားတွေဟာ အမျိုးသမီးတွေထက် သေကြောင်းကြံစည်တဲ့ နှုန်း ၄ ဆကျော်ရှိပါတယ်။ စိတ်ကျဝေဒနာခံစားရသူတွေအနေနဲ့ မြန်မာနိုင်ငံစိတ်ပညာအသင်းကို ဆက်သွယ်အကူအညီ တောင်းခံနိုင်တယ်လို့ အငြိမ်းစားပါမောက္ခ ဒေါ်သက်ထားဝင်းက သူကပြောပါတယ်။ ရဲမှူးကြီးကျော်သီဟကလည်း “ဒါတွေဘယ်လို ကျော်လွှားနိုင်မလဲဆိုတော့ အစိုးရကလည်း ကြေညာထားတာရှိပါတယ်။ လူမှုဝန်ထမ်းကရော၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊ စိတ်ပညာအဖွဲ့က နေပြီးမှ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကာလအတွင်း ထုတ်ပြန်ထားတာတွေ လိုက်နာပြီး နေထိုင်ကျင့်ကြံရင် အကောင်းဆုံးဖြစ်မယ်လို့ ကျနော်  ပြောကြားလိုပါတယ်။”လို့ ဒီဗွီဘီကို ပြောပါတယ်။
2 years Ago

August 14, 2019

မူလတန်းကျောင်းသူ သမီးငယ် အပါအဝင် မိသားစု ၃ ဦး အလုံပိတ်ကားတစီးတွင်း သေကြောင်းကြံစည်

ထိုင်းနိုင်ငံ၊ ပထုံဌာနီခရိုင်၊ လမ်လွတ်ကာဒေသတွင်းမှာ မိဘ ၂ ပါးနဲ့ သမီးငယ် အပါအဝင် မိသားစု ၃ ဦးလုံးကို ကားတစီးတွင်းမှာ သေဆုံးလျက်သား အခြေအနေနဲ့ တွေ့ရှိခဲ့ရတယ်လို့ သည်နေးရှင်းသတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။ အဲဒီကားဟာ တညလုံး ရပ်ထားခဲ့တာဖြစ်ပြီး သံသယဖြစ်ဖွယ် အခြေအနေနဲ့ ရှိခဲ့တာမို့ စစ်ဆေးချိန်မှာ ခုလို တွေ့ရှိခဲ့ရတာလို့ ရဲတွေက ဆိုပါတယ်။ အသက် ၃၆ နှစ်အရွယ် ဖခင် ဆူရာချက်နစ်ခုတ်ကိုတော့ ယာဉ်မောင်းနေရာမှာ သေဆုံးနေတာကို တွေ့ခဲ့ရပြီး ဇနီးဖြစ်သူနဲ့ သူငယ်တန်းကျောင်းဝတ်စုံနဲ့ သမီးဖြစ်သူတို့ရဲ့ အလောင်းတွေကိုတော့ ကားရဲ့ နောက်ခုံမှာ တွေ့ရှိခဲ့ကြရတာပါ။ မိခင်ရဲ့အမည်ကိုတော့ နတ်နစ်ချာနစ်ခုတ်လို့ ဖော်ပြပြီး အသက် ၄ နှစ်နဲ့ ၇ နှစ်ကြား ဖြစ်နိုင်ခြေရှိတဲ့ ကလေးငယ်ရဲ့ အမည်ကိုတော့ ဖာဆိုင်နစ်ခုတ် ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ တိုယိုတာဝစ်ချ် အမျိုးအစား ကားရဲ့ အနောက်ဘက်မှာတော့ ပြာတွေနဲ့ မီးဖိုတလုံး တွေ့ရှိခဲ့ရပြီး မီးဖိုအနီးမှာတော့ မီးသွေးအိတ်တအိတ်ကို ရဲတွေက စစ်ဆေးတွေ့ရှိခဲ့ကြတာပါ။ အဲဒီကားဟာ သြဂုတ် ၁၂ ရက် ည ၉ နာရီလောက်ကတည်းက ရပ်ထားခဲ့တာဖြစ်ပြီး သတင်းပေးချက်အရ လမ်လွတ်ကာဒေသ ရဲဌာနမှ တာဝန်ရှိသူတွေဟာ နောက်တနေ့ညနေ ၄ နာရီမှာ စစ်ဆေးခဲ့ကြရတာ ဖြစ်ပါတယ်။ အတွင်းထဲက လော့ခ်ချထားတဲ့ ကားကို ဖွင့်ဖို့အတွက် ရဲတွေဟာ နည်းပညာတတ်ကျွမ်းသူတဦးကို ခေါ်ခဲ့ရပြီး ဆေးစစ်ချက်တွေအရ သူတို့ ၃ ဦးစလုံးဟာ အချိန် ၇ နာရီလောက်စောပြီး သေဆုံးနှင့်ခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ မိသားစု ၃ ဦးရဲ့ ရုပ်အလောင်းတွေကို လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ ဆေးရုံကို ပို့ဆောင်ထားခဲ့ပြီး ဆွေမျိုးသားချင်းတွေကို ဆက်သွယ်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version မူလတန္းေက်ာင္းသူ သမီးငယ္ အပါအဝင္ မိသားစု ၃ ဦး အလုံပိတ္ကားတစီးတြင္း ေသေၾကာင္းႀကံစည္ ထိုင္းႏိုင္ငံ၊ ပထုံဌာနီခ႐ိုင္၊ လမ္လြတ္ကာေဒသတြင္းမွာ မိဘ ၂ ပါးနဲ႔ သမီးငယ္ အပါအဝင္ မိသားစု ၃ ဦးလုံးကို ကားတစီးတြင္းမွာ ေသဆုံးလ်က္သား အေျခအေနနဲ႔ ေတြ႕ရွိခဲ့ရတယ္လို႔ သည္ေနးရွင္းသတင္းမွာ ဒီကေန႔ ေဖာ္ျပပါတယ္။ အဲဒီကားဟာ တညလုံး ရပ္ထားခဲ့တာျဖစ္ၿပီး သံသယျဖစ္ဖြယ္ အေျခအေနနဲ႔ ရွိခဲ့တာမို႔ စစ္ေဆးခ်ိန္မွာ ခုလို ေတြ႕ရွိခဲ့ရတာလို႔ ရဲေတြက ဆိုပါတယ္။ အသက္ ၃၆ ႏွစ္အ႐ြယ္ ဖခင္ ဆူရာခ်က္နစ္ခုတ္ကိုေတာ့ ယာဥ္ေမာင္းေနရာမွာ ေသဆုံးေနတာကို ေတြ႕ခဲ့ရၿပီး ဇနီးျဖစ္သူနဲ႔ သူငယ္တန္းေက်ာင္းဝတ္စုံနဲ႔ သမီးျဖစ္သူတို႔ရဲ႕ အေလာင္းေတြကိုေတာ့ ကားရဲ႕ ေနာက္ခုံမွာ ေတြ႕ရွိခဲ့ၾကရတာပါ။ မိခင္ရဲ႕အမည္ကိုေတာ့ နတ္နစ္ခ်ာနစ္ခုတ္လို႔ ေဖာ္ျပၿပီး အသက္ ၄ ႏွစ္နဲ႔ ၇ ႏွစ္ၾကား ျဖစ္ႏိုင္ေျခရွိတဲ့ ကေလးငယ္ရဲ႕ အမည္ကိုေတာ့ ဖာဆိုင္နစ္ခုတ္ ျဖစ္တယ္လို႔ သတင္းမွာ ေဖာ္ျပပါတယ္။ တိုယိုတာဝစ္ခ်္ အမ်ိဳးအစား ကားရဲ႕ အေနာက္ဘက္မွာေတာ့ ျပာေတြနဲ႔ မီးဖိုတလုံး ေတြ႕ရွိခဲ့ရၿပီး မီးဖိုအနီးမွာေတာ့ မီးေသြးအိတ္တအိတ္ကို ရဲေတြက စစ္ေဆးေတြ႕ရွိခဲ့ၾကတာပါ။ အဲဒီကားဟာ ၾသဂုတ္ ၁၂ ရက္ ည ၉ နာရီေလာက္ကတည္းက ရပ္ထားခဲ့တာျဖစ္ၿပီး သတင္းေပးခ်က္အရ လမ္လြတ္ကာေဒသ ရဲဌာနမွ တာဝန္ရွိသူေတြဟာ ေနာက္တေန႔ညေန ၄ နာရီမွာ စစ္ေဆးခဲ့ၾကရတာ ျဖစ္ပါတယ္။ အတြင္းထဲက ေလာ့ခ္ခ်ထားတဲ့ ကားကို ဖြင့္ဖို႔အတြက္ ရဲေတြဟာ နည္းပညာတတ္ကြၽမ္းသူတဦးကို ေခၚခဲ့ရၿပီး ေဆးစစ္ခ်က္ေတြအရ သူတို႔ ၃ ဦးစလုံးဟာ အခ်ိန္ ၇ နာရီေလာက္ေစာၿပီး ေသဆုံးႏွင့္ခဲ့ၿပီျဖစ္တယ္လို႔ ဆိုပါတယ္။ လက္ရွိမွာေတာ့ မိသားစု ၃ ဦးရဲ႕ ႐ုပ္အေလာင္းေတြကို လိုအပ္တဲ့ စစ္ေဆးမႈေတြ လုပ္ေဆာင္ဖို႔ ေဆး႐ုံကို ပို႔ေဆာင္ထားခဲ့ၿပီး ေဆြမ်ိဳးသားခ်င္းေတြကို ဆက္သြယ္ႏိုင္ဖို႔ လုပ္ေဆာင္ေနတယ္လို႔ သတင္းမွာ ေဖာ္ျပပါတယ္။
2 years Ago
Up