သူ့အား

July 29, 2017

သူ့အား အတောမသတ်ရယ်မောလို့ဆိုပြီး ဇနီးကို ခင်ပွန်းက သတ်ဖြတ် (ရုပ်သံ)

အမျိုးသားတဦးက သူ့အား အတောမသတ် လှောင်ပြောင်ရယ်မောခဲ့လို့ဆိုပြီး ဇနီးဖြစ်သူကို ဇိမ်ခံသဘောင်္ကြီးပေါ်မှာ သတ်ဖြတ်ခဲ့မှု ဖြစ်ပွားခဲ့တယ်လို့ အက်ဖ်ဘီအိုင်မှတ်တမ်းတွေအရ သိရပါတယ်။ အမေရိကန်နိုင်ငံ ယူတက်ပြည်နယ်က ကဲနက်မန်ဇန်အယ်ရာစ်နဲ့ အသက် ၃၉ နှစ်အရွယ် ခရစ္စတီတို့ စုံတွဲက သမီး ၃ ယောက်နဲ့အတူ ဇူလိုင်လ ၂၅ ရက်နေ့ညမှာ ယူတက်ကနေ အလက်စကားကို ခုတ်မောင်းတဲ့ အမ်မရယ်ပရင့်စ်ဆိုတဲ့ ဇိမ်ခံသဘောင်္ကြီး စီးလာရင်း ဒီလို လူသတ်မှု ဖြစ်ခဲ့တာလို့ အေဘီစီသတင်းက ထုတ်ပြန်ခဲ့ပါတယ်။ သဘောင်္ပေါ်က စုံတွဲရဲ့အခန်းထဲမှာ သွေးတွေ အခန်းအနှံ့ဖြစ်နေတာကို မျက်မြင်သက်သေတဦးက တွေ့အပြီးမှာတော့ ကဲနက်မန်ဇန်အယ်ရာစ်ကို  ခရစ်စတီကို သတ်မှုနဲ့ တရားစွဲထားတယ်လို့ သိရပါတယ်။ ဇူလိုင် ၂၅ ရက်နေ့ည ဒေသစံတော်ချိန် ည ၉ နာရီလောက်မှာ ဇိမ်ခံသဘောင်္ပေါ်က မန်ဇန်အယ်ရာစ်တို့ရဲ့အခန်းမှာ ဖြစ်ခဲ့တဲ့ လူသတ်မှုကို စုံစမ်းအရေးယူခဲ့တယ်လို့ အက်ဖ်ဘီအိုင်ရဲ့ အထူးအေးဂျန့်ဖြစ်တဲ့ မိုက်ကယ်ဝက်တ်ဆန် လုံခြုံရေးနဲ့ ဆေးအရာရှိဖြစ်သူရဲ့ ပြောကြားချက်အရ သိရပြီး ခရစ္စတီကို ဦးခေါင်းမှာ ဒဏ်ရာအပြင်းအထန် ရထားတာတွေ့ရတယ်၊ ဒီဒဏ်ရာတွေနဲ့ပဲ အခင်းဖြစ်တဲ့နေရာမှာ သေဆုံးနေတယ်လို့ တရားရုံးမှတ်တမ်းတွေအရလည်း သိရပါတယ်။ သဘောင်္ကြီးပေါ်က လုံခြုံရေးအရာရှိကလည်း မစ္စတာမန်ဇန်အယ်ရာစ်ရဲ့ လက်တွေနဲ့ အကျီင်္ိမှာ သွေးစွန်းနေကြောင်း သူ သတိထားမိသလို အစောပိုင်းတုန်းက မစ္စတာမန်ဇန်တို့ရဲ့အခန်းထဲကို ဝင်ခဲ့တဲ့ နောက်သက်သေတဦးကလည်း အခန်းထဲမှာ သွေးတွေပြန့်ကျဲနေကြောင်း တွေ့ခဲ့တာလို့ စုံစမ်းရေးအရာရှိတွေကို ပြောပြခဲ့ပါတယ်။ စုံစမ်းရေးအရာရှိတွေက မစ္စတာကဲနက်မန်ဇန်အယ်ရာစ်ကို သဘောင်္ပေါ်က အခန်းတခန်းထဲမှာ လက်ထိတ်ခတ် ချုပ်နှောင်ထားခဲ့ကြောင်း အတည်ပြုတဲ့သတင်းတွေအရ သိရပါတယ်။ သက်သေဖြစ်သူက အခန်းရဲ့ကြမ်းပြင်ပေါ်မှာ အမျိုးသမီးတဦး သွေးတွေလွှမ်းပြီး လဲကျနေတာတွေ့လို့ သူက ကဲနက်မန်ဇန်အယ်ရာစ်ကို ဘာဖြစ်တာလဲ မေးရာ ကဲနက်က “သူ ငါ့ကို ရယ်တာ အတောမသတ်ဘူး” လို့ ပြန်ပြောခဲ့တယ်လို့ သိရပါတယ်။ ဇူလိုင် ၂၇ ရက်နေ့ နေ့လယ်မှာ ပထမဦးဆုံးအကြိမ်အဖြစ် မန်ဇန်အယ်ရာစ်ကို တရားရုံးထုတ်ခဲ့ပြီး အဓိက တရားရုံးကြားနာမှုကိုတော့ လာမယ့်သြဂုတ် ၁၀ ရက်နေ့ကို ချိန်းဆိုထားပါတယ်။ သူ့ကို တရားသူကြီးတွေက အယူခံမပေးဘူးလို့လည်း သိရပါတယ်။ ခရစ္စတီအလုပ်လုပ်တဲ့ ကုမ္ပဏီဖြစ်တဲ့ Summit Sotheby’s International Realty က ထုတ်ပြန်တဲ့ သတင်းထဲမှာ “ကျနော်တို့ အိမ်ခြံမြေကုမ္ပဏီရဲ့မိသားစုဝင် ဝန်ထမ်းတဦး ဒီလိုသေဆုံးခဲ့ရလို့ အကြီးအကျယ် စိတ်ထိခိုက် ဝမ်းနည်းရပါတယ်။ ခရစ်စတီရဲ့ လှိုက်လှဲနွေးထွေးတဲ့ အပြုံးတွေ စိတ်ထားကောင်းလေးတွေ သူမတွေ့ဆုံခဲ့တဲ့ ဘယ်သူကိုမဆို ကိုယ်ချင်းစာတရား ထားတတ်တာတွေ စတဲ့ သူမရဲ့ ချစ်စရာ စိတ်လှုပ်ရှားစရာကောင်းတဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို သတိယနေကြမှာပါ” လို့ ရေးသားထားကြောင်း မေရာသတင်းမှာ ဇူလိုင်လ ၂၉ ရက်နေ့က ဖော်ပြထားပါတယ်။
4 years Ago
Up