သူလျှို အသတ်ခံရမှု သမ္မတပူတင်ကိုယ်တိုင် စေခိုင်းခဲ့ဟု စုံစမ်းရေးအဖွဲ့ ထုတ်ဖော်

August 2, 2015

သူလျှို အသတ်ခံရမှု သမ္မတပူတင်ကိုယ်တိုင် စေခိုင်းခဲ့ဟု စုံစမ်းရေးအဖွဲ့ ထုတ်ဖော်

၂၀၀၆ ခုနှစ်က ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်မှာ ရုရှားသူလျှိုတဦး အသတ်ခံခဲ့ရတာမှာ သမ္မတပူတင်က ကိုယ်တိုင်စေခိုင်းခဲ့တယ်လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့က ဇူလိုင် ၃၁ ရက်နေ့မှာ ထုတ်ဖော်ပြောဆိုပါတယ်။ ရုရှားသူလျှို Litvinenko ကို လန်ဒန်မြို့က ဟိုတယ်မှာ လုပ်ဖော်ကိုင်ဖက်ထောက်လှမ်းရေး ၂ ဦးက အဆိပ်ခတ်သတ်ခဲ့တာကို သိပ္ပံနည်းကျ အထောက်အထား ခိုင်ခိုင်မာမာနဲ့ ပြသနေတယ်လို့ အသတ်ခံရသူရဲ့ မိသားစုရှေ့နေက ပြောဆိုခဲ့တာပါ။ ကိုယ်တိုင်ကလည်း မသေဆုံးခင် ပူတင်ကိုယ်တိုင် ခိုင်းစေခဲ့တယ်လို့ စွပ်စွဲခဲ့ပြီး ရုရှားအစိုးရကတော့ အမြဲငြင်းဆိုပါတယ်။ [caption id="attachment_105493" align="alignright" width="261"]သမ္မတပူတင် သမ္မတပူတင်[/caption] Litvinenko ဟာ သမ္မတပူတင် ရုရှားပြည်တွင်းထောက်လှမ်းရေး (FSB) ကို ကိုင်ချိန်က သမ္မတပူတင်အတွင်းရေးတွေကို ဖွင့်ချခဲ့ပြီး ပူတင်ဟာ ကလေးတွေကို လိင်ပိုင်းဆိုင်ရာတပ်မက်သူလို့ စွပ်စွဲခဲ့တာပါ။ Litvinenko ကို လန်ဒန်မြို့မှာ သတ်ဖြတ်ခဲ့မှုနဲ့ ရုရှား-ဗြိတိန်ဆက်ဆံရေးဟာ စစ်အေးခေတ်နောက်ပိုင်း အဆိုးဆုံးဖြစ်ခဲ့ရတာပါ။ ဒီအမှုမှန်ပေါ်ပေါက်ရေး အချောသတ်အစီခံစာကို ဒီနှစ်ကုန်ပိုင်းမှာ ထုတ်ပြန်မယ်လို့ ဆိုပါတယ်။
6 years Ago
Up