သူလျှိုဟောင်းအမှု

March 31, 2018

သူလျှိုဟောင်းအမှု စုံစမ်းရေး ပူးပေါင်းရန် အသင့်ရှိဟု ရုရှားပြော

  ရုရှားသူလျှိုဟောင်း အဆိပ်နဲ့ တိုက်ခိုက်ခံရမှု စုံစမ်းရေးမှာ ဗြိတိန်ကိုကူညီမယ့် မေတ္တာရပ်ခံချက်ကို  ရုရှားနိုင်ငံက မတ်လ ၂၉ ရက်နေ့မှာ ပေးပို့လိုက်ပါတယ်။ ရုရှားစုံစမ်းရေးကော်မတီ ပြောခွင့်ရပုဂ္ဂိုလ်က “ရုရှားနိုင်ငံသား ယူလီယာဆက်ခရီပေါလ်ကို သတ်ဖြတ်ဖို့ ကြိုးပမ်းမှုမှာ ဥပဒေအရ အကူအညီပေးဖို့ မေတ္တာရပ်ခံချက်ကို  စုံစမ်းရေးကော်မတီက ဗြိတိန်နိုင်ငံရှိ သက်ဆိုင်ရာ အာဏာပိုင်တွေထံ ပေးပို့မှာဖြစ်ပါတယ်။ ယူလီယာဆက်ခရီပေါလ် သတိမေ့မြောခဲ့ရာ နေရာက တွေ့ရှိရတဲ့ စုံစမ်းရေးရလဒ်တွေ၊ သူ့ရဲ့ ဆေးမှတ်တမ်းနဲ့ ကျွမ်းကျင်သူ အကဲဖြတ်ချက် အပါအဝင် စုံစမ်းရေးမှာ တွေ့ရှိရတဲ့ အထောက်အထား မိတ္တူတွေ ပေးအပ်ဖို့ပါ တောင်းဆိုပါတယ်။ ယူလီယာဆက်ခရီပေါလ်ကို သတ်ဖြတ်ဖို့ ကြိုးပမ်းမှုကို စုံစမ်းစစ်ဆေးရာမှာ စုံစမ်းရေးကော်မတီအနေနဲ့ သက်ဆိုင်ရာ ဗြိတိန် အာဏာပိုင်တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ရှိကြောင်း ထပ်မံအတည်ပြု ပြောကြားပါတယ်” လို့ ဆိုပါတယ်။ ရုရှားသူလျှိုဟောင်း ဆာဂီဆက်ခရီပေါလ်နဲ့ သမီးဖြစ်သူ ယူလီလာဆက်ခရီပေါလ်တို့ဟာ သူတို့နေအိမ်ရှေ့တံခါးမှာ ထားခဲ့တဲ့ အာရုံကြောထိခိုက်စေတဲ့ ဓာတုအဆိပ်သင့်ခဲ့တာ ဖြစ်တယ်လို့ ဗြိတိန်ရဲတပ်ဖွဲ့က မတ်လ ၂၈ ရက်နေ့မှာ ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။
3 years Ago
Up