သူရဲကောင်း

July 19, 2019

ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင်းကို ကရေဘီယံကျွန်သားများက သူရဲကောင်းသဖွယ် ကြိုဆို

ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် ဟွမ်ဂွယ်ဒိုကို ဇူလိုင် ၁၈ ရက်မှာ ကရေဘီယံ ကျွန်းသူ ကျွန်းသားတွေက သူရဲကောင်းသဖွယ် ကြိုဆိုခဲ့ပါတယ်။ ဂွယ်ဒိုဟာ သမ္မတ မာဒူရိုဆန့်ကျင်ရေး စည်းရုံးပွဲလုပ်ဖို့  မာဂါရီတာကျွန်းကို ရောက်လာတာပါ။ ဒီအချိန်မှာပဲ နော်ဝေ အစိုးရကြားဝင်မှုနဲ့ အစိုးရနဲ့ အတိုက်အခံတို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်နေပါတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီလက ဂွယ်ဒိုဟာ သမ္မတ မာဒူရိုပြန် ရွေးကောက်ခံရမှုကို လိမ်လည်မှုလို့ ကြေညာပြီးနောက် ယာယီသမ္မတ ရာထူးကို လက်ခံခဲ့ပါတယ်။ ဒါပေမဲ့ သမ္မတ မာဒူရိုကဂွယ်ဒိုဟာ အမေရိကန်အစိုးရ ရုပ်သေးရုပ်ဖြစ်တယ်လို့ ပြောကြားပြီး စီးပွားရေး ပြသနာတွေဟာ အမေရိကန် အစိုးရဒဏ်ခတ်မှုကြောင့်လို့ အပြစ်ဖို့ခဲ့ပါတယ်။ ဂွယ်ဒိုသွားရောက်ရာ မာဂါရီတာကျွန်းဟာ ခရီးသွားလုပ်ငန်းက အဓိက၀င်ငွေ ရရှိပေမယ်လို့ နိုင်ငံရေး အကျပ်အတည်းအဖြစ် စီးပွားရေး ကျဆင်းချိန်မှာတော့ ဒေသခံတွေဟာ ၀င်ငွေထွက်ငွေကာမိအောင် ကြိုးစားရုန်းကန်နေရပါတယ်။
2 years Ago

April 20, 2019

သူရဲကောင်းအဖြစ် ဂုဏ်ပြုခံနေရသည့် တရုတ်နိုင်ငံက လမ်းသန့်ရှင်းရေး အဘိုးအို

တလကို ယွမ် ၂၀၀၀ သာရပေမယ့် ပြီးခဲ့တဲ့ နှစ် ၃၀ အတွင်း မရှိဆင်းရဲသား ကလေးငယ်ပေါင်းများစွာကို ယွမ် ၁၈၀,၀၀၀ လှူဒါန်းခဲ့တဲ့ တရုတ်နိုင်ငံက လမ်းသန့်ရှင်းရေး အလုပ်သမားတဦးကို တရုတ်မီဒီယာတွေက သူရဲကောင်းတဦးအဖြစ် သတ်မှတ်ရေးသားနေတယ်လို့ ဧပြီ ၁၅ ရက်နေ့ OC သတင်းမှာဖော်ပြပါတယ်။ ဒီအမျိုးသားဟာ အသက် ၅၈ နှစ်အရွယ် မစ္စတာဇိုဖြစ်ပြီး သူဟာ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျိုနင်းပြည်နယ် ရှန်ယန်းမြို့မှာ သန့်ရှင်းရေး အလုပ်လုပ်ရပါတယ်။ ဒီလိုသူရဲကောင်းတဦးအဖြစ် သတ်မှတ်ခံရအောင် သဒ္ဒါတရားထက်သန်ပေမယ့် ဇိုဟာ ငွေကြေးပြည့်စုံသူတော့ မဟုတ်ပါဘူး။ ဇိုဟာ သူ့မိသားစုနဲ့အတူ ကြပ်တည်းစွာ ဘဝကို ရှင်သန်နေထိုင်နေရသူပါ။ သူရတဲ့လစာ တစ်လ ယွမ် ၂၀၀၀ ကို အပြည့်အဝအသုံးပြုမယ်ဆိုရင် သူတို့မိသားစုဟာ အခုထက်ပိုပြီး ချောင်ချောင်လည်လည်နေနိုင်ပေမယ့် ဇိုကတော့ သူ့ရဲ့လစာ နည်းနည်းလေးကို ဆင်းရဲတဲ့ကလေးငယ်နဲ့ အတူခွဲသုံးဖို့ ဆုံးဖြတ်ထားသူပါ။ ဒီလိုဆုံးဖြတ်ရတဲ့ နောက်ကွယ်မှာလည်း အကြောင်းအရင်းများစွာရှိပါတယ်။ ဇိုဟာ ငယ်စဉ်ကတည်းက ဆင်းရဲခဲ့သူတယောက်ဖြစ်ပြီး သူလူမမယ်အရွယ်မှာတင် ဖခင်ဖြစ်သူ သေဆုံးသွားခဲ့ပါတယ်။ ဒါ့ကြောင့် ဇိုဟာ စိတ်ရောဂါသည်မိခင်နဲ့အတူ ငယ်စဉ်ဘဝကို ပင်ပန်းဆင်းရဲစွာ ဖြတ်သန်းခဲ့ရပြီး တရွာလုံးရဲ့အကူအညီနဲ့ အသက်ရှင်နေထိုင်ခဲ့ရပါတယ်။ ဒီလိုအခြေအနေမျိုးတွေကြောင့် ဇိုဟာ သူ့မိသားစု မပြေလည်တဲ့ကြားက ဆင်းရဲတဲ့ ကလေးငယ်တွေအတွက် လှူဒါန်းမှုတွေ ပြုလုပ်နေတာဖြစ်ပြီး သူ အနေဆင်းရဲ အစားဆင်းရဲပေမယ့် ဒါကို ဂရုမစိုက်ဘူးလို့ဆိုပါတယ်။ ဇိုဟာ နေ့စဉ် ခေါက်ဆွဲပြုတ်ကိုသာ စားသောက်နိုင်သူဖြစ်ပြီး ပိုင်ဆိုင်မှုအများစုကလည်း သူ့ရဲ့လှူဒါန်းမှုအတွက် ကျေးဇူးတင်လွှာတွေပဲဖြစ်ပါတယ်။ အရင်က ကိုယ်ပိုင်အိမ်နဲ့ နေထိုင်နိုင်ခဲ့တဲ့ ဇိုဟာ သူ့ရဲ့ပရဟိတစိတ်ဓာတ်ကြောင့် လက်ရှိအချိန်မှာ အိမ်အငှားနဲ့နေရတဲ့ အခြေအနေကို ရောက်ရှနေပါပြီ။ ဒီလိုအခြေအနေဖြစ်ပေမယ့် သူ့မိသားစုကတော့ ဇိုအပေါ်ငြိုငြင်မှုမရှိပါဘူး။ ဒီလိုလှူဒါန်းတဲ့ ကိစ္စနဲ့ပတ်သတ်လို့ မိသားစုတွင်း တကြိမ်တခါမှ စကားများရန်ဖြစ်ရခြင်းမရှိဘူးလို့လည်း ဇိုက ဂုဏ်ယူစွာပြန်လည်ပြောပြပါတယ်။ ဇိုဟာ သူလှူဒါန်းခဲ့သမျှကို တစုံတခုကို ပြန်လည်ရယူလိုခြင်းမရှိဘဲ ပြုလုပ်ခဲ့တာဖြစ်ပေမယ့် သူ့ရဲ့ စိတ်သဘောထားလှပမှုအပေါ် ပြန်လည်တုံ့ပြန်မှုတွေလည်း ရရှိခဲ့ပါတယ်။ ပြီးခဲ့နှစ် ဒီဇင်ဘာလတုန်းက သူဟာ ပြင်းထန်းတဲ့ ရောဂါကိုခံစားခဲ့ရပြီး ဆေးရုံတက်ခဲ့ရပါတယ်။ အဲဒီအချိန် သူ့အမျိုးသမီးဟာလည်း အဝေးတနေရာကို ရောက်ရှိနေတာကြောင့် သူ့ကိုပြုစုပေးမယ့်လူ မရှိခဲ့ပါဘူး။ ဒါပေမယ့် ဒီသတင်းကို သူလှူဒါန်းမှုပြုလုပ်နေတဲ့ ကလေးငယ်တွေကြားသိခဲ့ပြီးတော့ လာရောက်စောင့်ရှောက်ခဲ့ကြတယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ သူ့အသက်အရွယ်နဲ့ သူ့အလုပ်တွေဟာ ကိုက်ညီမှုမရှိတော့ပေမယ့် ဇိုကတော့ ဒီအလုပ်ကနေ အနားယူဖို့ အစီစဉ်မရှိသေးဘူးလို့ ပြောပါတယ်။ အကြောင်းကတော့ သူ့ရဲ့ဝင်ငွေ ရလမ်းဟာ ဒီတခုတည်းသာ ရှိတာကြောင့် အလုပ်ကနားလိုက်ရင် သူအရင်အတိုင်း လှူဒါန်းမှုတွေ မလုပ်နိုင်တော့မှာ စိုးရိမ်မိတယ်လို့လည်း ဇိုက ပြောပါတယ်။
2 years Ago
Up