သူရဲကောင်းဇင်ကိုကိုဇော်ဈာပန

March 5, 2021

မြင်းခြံတွင် ကျဆုံးခဲ့သည့် သူရဲကောင်းဇင်ကိုကိုဇော်ဈာပန ပြည်သူသိန်းချီ တက်ရောက်

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့မှာ မတ် ၃ ရက်နေ့က စစ်အာဏာရှင် ဆန့်ကျင်ပွဲမှာ လုံခြုံရေးတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့တဲ့ သူရဲကောင်း ဇင်ကိုကိုဇော် (၂၂) နှစ်ရဲ့ ဈာပနကို ဒီနေ့ နေ့လယ် ၁ နာရီက ကျင်းပခဲ့ပြီး ကူရွာသုသာန်မှာ ဂူသွင်းသင်္ဂြိုဟ်လိုက်တယ်လို့ မြင်းခြံ နာမှု ကူညီရေးအသင်းက သိရပါတယ်။

   ဇင်ကိုကိုဇော်မှာ မြင်းခြံမြို့နယ်.စွန်းလွန်း အမှတ် (၁၉)ရ ပ်ကွက်သားဖြစ်ပြီး    မတ်လ ၃ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဒီမိုကရေစီတိုက်ပွဲမှာ ဦးခေါင်းကျည်ထိမှန် ကျဆုံးခဲ့တာပါ။

သူရဲကောင်း ဇင်ကိုကိုဇော်ရဲ့ နောက်ဆုံးခရီးကို ပြည်သူသိန်းချီ လိုက်ပါပို့ဆောင်ခဲ့ပါတယ်။

ဇာဇာမောင်

2 years Ago
Up