သူရဦးအောင်ကို

A d v e r t i s e m e n t With Us

February 26, 2018

အန္တရာယ်ကြီးမားသည့် အမျိုးသားရေးပြဿနာ ပေါ်လာနိုင်ဟု သာသနာရေးဝန်ကြီး ပြော (ရုပ်သံ)

  အဓမ္မဝါဒီ သံဃာတော်တွေကြောင့် မြန်မာနိုင်ငံမှာ အမျိုးသားရေးပြဿနာ ပေါ်ပေါက်လာ နိုင်ပြီး အဲဒီကိစ္စရင်ဆိုင်နိုင်ဖို့ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နှက်ကိုင်၊ သံဃာအဖွဲ့အစည်းတွေနဲ့ ပြည်သူတွေ ညီညွတ်တဲ့ စည်းလုံးမှုရှိဖို့ မဖြစ်မနေ လိုအပ်နေတယ်လို့ သာသနာရေးနှင့်ယဉ်ကျေး မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောပါတယ်။ “အဲဒီအွန်လိုင်းကကော၊ စာနဲ့ကော၊ နှုတ်နဲ့ကော တရားမဲ့ ပြောဆိုမှုတွေ၊ တိုက်တွန်းမှုတွေ၊ နှိုးဆော်မှုတွေကို မှတ်တမ်းတင်ထားပါတယ်။ အဲဒီ ရဟန်းသံဃာတွေကို အခြေခံ အုပ်ချုပ်တဲ့ သံဃာအဖွဲ့အစည်းတွေကို စာနဲ့ လျောက်တင်ပါတယ်။ ဒါသည် အဓမ္မဝါဒဖြစ်ပါတယ်။ ဒါတွေကို ဆရာတော်တို့ အဖွဲ့အစည်းအနေနဲ့ ထိန်းကြောင်းပဲ့ပြင်၊ ဆုံးမပေးပါလို့ တင်ပြလျှောက်ထားပါတယ်။ မှတ်တမ်းရှိပါတယ်။ ဒါက တသက်လုံး မနေပါဘူး။ ဒီအတွက်ကိုလည်း ပြည်သူလူထုရဲ့ တောင်းဆိုလာမှု ပိုပိုညံလာပါတယ်။ သို့သော် ခုနက ပြောသလိုပေါ့ နောက်က ကိစ္စ လျှော့တွက်လို့ မရပါဘူး။ နောက်ကကိစ္စက ဒီထက်ကို ကြီးကျယ်လာနိုင်ပါတယ်။ အမျိုးသားရေးကိစ္စကြီး ဖြစ်လာနိုင်ပါတယ်။ ဒါကို ရင်ဆိုင်နိုင်ဖို့ အတွက်ကို သံဃာ့အဖွဲ့အစည်းတွေ၊ တပ်မတော်၊ အစိုးရ၊ ပြည်သူတင်မကဘဲ တိုင်းရင်းသား လက်နက်ကိုင်တွေ ခိုင်မာတဲ့ စည်းလုံးညီညွတ်မှုကို မဖြစ်မနေ တည်ဆောက်ဖို့ လိုအပ်လာပါတယ်။ အဲဒီလို မတည်ဆောက်ရင်တော့ သမိုင်းနောင်တတွေ ကောင်းကောင်းရသွားပါမယ်။” လူသတ်သမားကို ထောက်ခံပြောဆို အားပေးထားတဲ့ ဗွီဒီယိုဖိုင် လူမှုကွန်ရက်ပေါ် တင်ခဲ့တဲ့ သံဃာတွေနဲ့ ပတ်သက်လို့ သာသနာရေးဝန်ကြီးဌာနရဲ့ ဆောင်ရွက်မယ့် လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး  ဖေဖော်ဝါရီ ၂၆ ရက်နေ့ ပြည်ထောင်စုလွှတ်တော်မှာ သတင်းမီဒီယာတွေရဲ့ မေးမြန်းချက်ကို ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြန်လည်ဖြေဆိုခဲ့တာပါ။
3 years Ago

November 8, 2017

ခွန်တန်ကို သာသနာတော်ညှိုးနွမ်းစေမှုနဲ့ တရားစွဲဆိုဖို့ ဆောင်ရွက်နေဟု သူရဦးအောင်ကို ပြော (ရုပ်သံ)

ခွန်တန်ကို သာသနာတော်ညှိုးနွမ်းစေမှုနဲ့ တရားစွဲဆိုဖို့ ဆောင်ရွက်နေတယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို က ပြောပါတယ်။ အောက်တိုဘာလ ၈ ရက်နေ့က အမျိုးသားလွှတ်တော်မှာ သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက မီဒီယာတွေရဲ့ မေးမြန်းချက်တွေကို အခုလို ပြန်လည်ဖြေဆိုတာပါ။ “ခွန်တန် တိမ်းရှောင်နေပါတယ်။ သမီးရှင်တဦးရဲ့ ဖခင်က မွန်ပြည်နယ် အစိုးရထံမှာ တိုင်ကြား အမှုဖွင့်ထားပါတယ်။ သို့သော် သမီးရဲ့အမေနဲ့ သမီးကိုယ်တိုင်ကတော့ ကန့်ကွက်ထား ပါတယ်။ သူတို့က အမှုဖွင့်တာကို လက်မခံပါဘူး။ ဘယ်လိုဖြစ်နေလည်းဆိုတော့ ကာယကံရှင် တွေ ကိုယ်တိုင်က လက်ခံနေပါတယ်။ တရားဥပ ဒေကြောင်းအရ အရေးယူဆောင်ရွက်သင့်တဲ့ အမှုကိစ္စ ဖြစ်ပါတယ်။ တကယ်လို့များ ကာယကံရှင်က ငြင်းဆိုမယ်၊ သက်သေကလည်း ခွန်တန်ဘက်က လိုက်မယ်ဆိုရင် တရားရုံးတော်မှာ စွဲဆိုမှုအခက်အခဲဖြစ်နိုင်ပါတယ်။ သို့သော် လည်း ပြေးမလွတ်တဲ့အချက်တချက်ကတော့ ဗုဒ္ဓသာသနာတော်ညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅(က)နဲ့ဆို ရင်တော့ ပြေးမလွတ်ပါဘူး။ ဒါကြောင့် ခွန်တန်ကို ၂၉၅(က)နဲ့ ထိရောက်စွာ အရေးယူသွားဖို့ ညှိနှိုင်းဆောင် ရွက်လျက်ရှိပါတယ်။ ထောင်ဒဏ် ၃ နှစ်လောက် ကျခံနိုင်မှာ ဖြစ်ပါတယ်။ ပြစ်ဒဏ်ကျဖို့ပဲ လိုပါတယ်။ ပြစ်ဒဏ် နည်းများက အဓိက မဟုတ်ပါဘူး ” လို့ သူရဦးအောင်ကိုက ပြောပါတယ်။ ဒါ့အပြင် အလံတရာနယ်မြေမှာ သန့်ရှင်းတည်တံ့ပြီး သိက္ခာသမာဓိ၊ ပညာတို့နဲ့ ပြည့်စုံတဲ့ ဂေါပကအသစ်ပြန်ဖွဲ့ဖို့ အတွက်ကိုလည်း မွန်ပြည်နယ်ဝန်ကြီးချုပ်နဲ့ ညှိနှိုင်းပြောဆိုထားပါတယ်။ “ပထမအဆင့်က ခွန်တန်ကိစ္စ ရှင်းရမယ်။ နံပါတ် ၂ က ခွန်တန်ကိုထောက်ခံသူနဲ့ ခွန်တန် ကို ကန့်ကွက်သူတွေရဲ့ သဘောထားကွဲပြားမှုက တော်တော်ကြီးမားပါတယ်။ အဲဒါတွေကို ပြေလည်အောင် စေ့စပ်ညှိနှိုင်း ဖြေရှင်းဖို့က အဓိကဖြစ်နေပါတယ်။ အဲ့ကျမှသာလျှင် သီလ၊ သမာဓိနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်တွေပါဝင်တဲ့ တစ်ခုတည်း သောဂေါပကကို ဖွဲ့စည်းနိုင်မှာ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာ ဆက်လုပ်မှာ ဖြစ်ပါတယ်။ ခွန်တန်ကို မိမှာပါ ” လို့ ဆိုပါတယ်။
3 years Ago
More News
Up