ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း သူပုန်တွေ ထိန်းချုပ်ရာ ခန်းရှိတ်ခွန်းမြို့ထဲ အစိုးရတပ်ဖွဲ့ဝင်တွေ ဝင်ရောက်နေတဲ့ ဗွီဒီယိုဖိုင်ကို အစိုးရရုပ်သံက သြဂုတ် ၂၂ ရက်နေ့မှာ ပြသခဲ့ပါတယ်။
ဒါဟာ အတိုက်အခံတွေရဲ့ နောက်ဆုံးခံတပ်အပေါ် ရုရှား ကျောထောက်နောက်ခံပြု ထိုးစစ် အောင်မြင်လာတာပါ။
ဒီမြို့ကို သိမ်းပိုက်နိုင်တာဟာ သမ္မတ အာဆတ်အဖို့ အနောက်မြောက်ပိုင်းဒေသကို အသာစီးရလိုက်တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလက စတင်တဲ့ အစိုးရ ထိုးစစ်ကြောင့် လူပေါင်းရာချီ သေဆုံးပြီး ၅ သိန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
၈ နှစ်ကြာ ဆီးရီးယား ပဋိပက္ခအတွင်း ရုရှား၊ အီရန်တို့ အကူအညီနဲ့ သမ္မတ အာဆတ်က နိုင်ငံတဝန်းမှာရှိတဲ့ သူပုန်တွေကို ချေမှုန်းနိုင်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
သူပုန္ ထိန္းခ်ဳပ္ရာၿမိဳ႕ကို ဆီးရီးယားအစိုးရတပ္ ဝင္ေရာက္ေနသည့္႐ုပ္သံ ျပသ
ဆီးရီးယားႏိုင္ငံ အေနာက္ေျမာက္ပိုင္း သူပုန္ေတြ ထိန္းခ်ဳပ္ရာ ခန္းရွိတ္ခြန္းၿမိဳ႕ထဲ အစိုးရတပ္ဖြဲ႕ဝင္ေတြ ဝင္ေရာက္ေနတဲ့ ဗြီဒီယိုဖိုင္ကို အစိုးရ႐ုပ္သံက ၾသဂုတ္ ၂၂ ရက္ေန႔မွာ ျပသခဲ့ပါတယ္။
ဒါဟာ အတိုက္အခံေတြရဲ႕ ေနာက္ဆုံးခံတပ္အေပၚ ႐ုရွား ေက်ာေထာက္ေနာက္ခံျပဳ ထိုးစစ္ ေအာင္ျမင္လာတာပါ။
ဒီၿမိဳ႕ကို သိမ္းပိုက္ႏိုင္တာဟာ သမၼတ အာဆတ္အဖို႔ အေနာက္ေျမာက္ပိုင္းေဒသကို အသာစီးရလိုက္တာ ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ ဧၿပီလက စတင္တဲ့ အစိုးရ ထိုးစစ္ေၾကာင့္ လူေပါင္းရာခ်ီ ေသဆုံးၿပီး ၅ သိန္းေက်ာ္ အိုးမဲ့အိမ္မဲ့ ျဖစ္ခဲ့တယ္လို႔ ကုလသမဂၢက ေျပာပါတယ္။
၈ ႏွစ္ၾကာ ဆီးရီးယား ပဋိပကၡအတြင္း ႐ုရွား၊ အီရန္တို႔ အကူအညီနဲ႔ သမၼတ အာဆတ္က ႏိုင္ငံတဝန္းမွာရွိတဲ့ သူပုန္ေတြကို ေခ်မႈန္းႏိုင္ခဲ့တယ္လို႔ ႐ိုက္တာသတင္းမွာ ေဖာ္ျပပါတယ္။
2 years Ago