သူပုန်များ သိမ်းပိုက်ထားခဲ့သည့် နောက်ဆုံးခံတပ်မြို့ ဆီးရီးယား အစိုးရတပ် ပြန်သိမ်းပိုက်

January 25, 2016

သူပုန်များ သိမ်းပိုက်ထားခဲ့သည့် နောက်ဆုံးခံတပ်မြို့ ဆီးရီးယား အစိုးရတပ် ပြန်သိမ်းပိုက်

ဆီးရီးယားနိုင်ငံ၊ လတာကီယာပြည်နယ် (Latakia) အနောက်ပိုင်းက သူပုန်တွေ နှစ်နဲ့ချီ သိမ်းပိုက်ထားခဲ့တဲ့ နောက်ဆုံးခံတပ်မြို့တမြို့ကို ဆီးရီးယားအစိုးရတပ်ဖွဲ့တွေ ဇန်န၀ါရီ ၂၄ ရက်နေ့က ပြန်ပြီး သိမ်းပိုက်နိုင်ခဲ့ကြပါတယ်။ ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း တူရကီနယ်စပ်အနီးက ဒီ ရာဘီယာမြို့ (Rabia) ဟာ ဆီးရီးယားသူပုန်တွေလက်ထဲမှာ ၄ နှစ်ကြာ သိမ်းပိုက်ခံခဲ့ရပြီး ဆီးရီးယားစစ်တပ်နဲ့ ဒေသခံ ပေါ်ပြူလာ ပြည်သူ့စစ်တွေက သိမ်းပိုက်ခဲ့တယ်လို့ အစိုးရပိုင် မီဒီယာက ကြေညာခဲ့ပါတယ်။ လတာကီယာပြည်နယ်ဟာ ဆီးရီးယားသမ္မတ အာဆတ်ရဲ့ လူမျိုးစုဖြစ်တဲ့ အာလ၀ဒ်လူမျိုးစု အများစုနေထိုင်တဲ့ ပြည်နယ်တခု ဖြစ်ပါတယ်။ ဒီ ရာဘီယာမြို့ကို အစိုးရတပ်တွေ ပြန်လည်သိမ်းပိုက်နိုင်ဖို့ ရုရှားလေကြောင်း ပစ်ကူမှုတွေက အဓိကကျခဲ့တယ်လို့ ဗြိတိန်နိုင်ငံအခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောဆိုပါတယ်။
6 years Ago
Up