သူပုန်ထိန်းချုပ်နယ်မြေကို

April 22, 2018

သူပုန်ထိန်းချုပ်နယ်မြေကို ဆီးရီးယားအစိုးရတပ်ဖွဲ့ ဗုံးကြဲတိုက်ခိုက်

ဆီးရီးယားအစိုးရတပ်ဖွဲ့တွေဟာ မြို့တော်ဒမားစကတ်နားက သူပုန်တွေထိန်းချုပ်ထားတဲ့ ဂိုတာဒေသမှာ ဧပြီလ ၂၁ ရက်နေ့က ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ နိုင်ငံပိုင်ရုပ်သံက သတင်းဖော်ပြပါတယ်။ သူပုန်တွေ အပြည့်အ၀ လက်နက်ချဖို့ သဘောတူညီချက် ထွက်ခါနီး အချိန်မှာ အစိုးရတပ်တွေက အခုလိုဗုံးကြဲခဲ့တာပါ။ ဒမာစကတ်စ်မြို့ တောင်ပိုင်းက ဟာဂျာ-အယ်လ်-အက်စ်ဝက်ခရိုင်မှာ အိမ်ကို လက်နက်ကြီးထိလို့ ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်နေတာကို တွေ့ရတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ သူပုန်တွေဟာ တပ်ဆုတ်ဖို့ ဧပြီ ၂၀ ရက်နေ့တုန်းက သဘောတူထားပြီးဖြစ်လို့ အဲဒီဒေသတခုလုံးကို  ပြန်သိမ်းမယ့် ဆီးရီးယားသမ္မတ အာဆတ်ရဲ့ ရည်ရွယ်ချက် တစ်ဆင့် အောင်မြင်သွားသလို အခုလမှာ ဂိုတာဒေသကို ပြန်သိမ်းထားနိုင်တဲ့ သမ္မတရဲ့ ရပ်တည်မှုလည်း ပိုခိုင်မာလာပါတယ်။
3 years Ago
Up