ဆီးရီးယားနိုင်ငံ တောင်ပိုင်းက ကနေးထရာခရိုင် မြို့စွန်မှာ သူပုန်တွေနဲ့ တိုက်ပွဲ ဖြစ်နေပုံကို ဆီးရီးယား စစ်တပ်က နိုဝင်ဘာ ၉ ရက်နေ့မှာ ဖြန့်ချိလိုက်ပါတယ်။
အစ္စရေး လေတပ်ကလည်း ကနေးထရာ ခရိုင်ထဲက ဆီးရီးယား စစ်တပ် တပ်စခန်းတွေကို တိုက်ခိုက်ခဲ့တယ်လို့ ဆီးရီးယား စစ်တပ်က ကြေညာချက် ထုတ်ပြန်ပါတယ်။
တိုက်ခိုက်မှုကြောင့် မြို့စွန်က အမြောက်တလက် ပျက်စီးတယ်လို့လည်း ကြေညာချက်က ဆိုပါတယ်။
အယ်လ်ကိုင်းဒါးတွေကို သစ္စာခံပြီး အရင်က နတ်စ်ရာတပ်ဦးလို့ သိကြတဲ့ ဖာတာ အယ်လ်ရှမ်း အဖွဲ့က ဗုဒ္ဓဟူးနေ့က စစ်မျက်နှာ ကျယ်ကျယ်ပြန့်ပြန့်ဖွင့်ပြီး တိုက်ခိုက်လာလို့ ဆီးရီးယားစစ်တပ်က အောင်အောင်မြင်မြင် တိုက်ထုတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
အဲဒီနောက်ပိုင်းမှာ အစ္စရေးက တိုက်ခိုက်လာခဲ့တာဖြစ်တယ်။
ဒါဟာ အကြမ်းဖက်သမားတွေရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးဖို့ အားထုတ်မှုပဲလို့ ကြေညာချက်က ပြောပါတယ်။
အစ္စရေး အစိုးရရဲ့ လက်နက်ဖြစ်တဲ့ အကြမ်းဖက် အုပ်စုတွေကို ဆီးရီးယားစစ်တပ်က ဆက်ပြီး ဖြေရှင်း တိုက်ပွဲဝင်သွားမယ်လို့လည်း အသားပေး ပြောဆိုခဲ့ပါတယ်။
4 years Ago