သူနာပြု ဖမ်းဆီးခံရ (ရုပ်သံ)၏

September 2, 2017

လူနာ၏ သွေးနမူနာပေးရန် ငြင်းဆန်သည့် သူနာပြု ဖမ်းဆီးခံရ (ရုပ်သံ)

အမေရိကန်နိုင်ငံ အနောက်ပိုင်းပြည်နယ်တခုဖြစ်တဲ့ ယူတက်ပြည်နယ်က ယူတက်တက္ကသိုလ်ဆေးရုံမှာ ကားတိုက်မှုကြောင့် သတိမေ့နေတဲ့ လူနာရဲ့ သွေးနမူနာကို သူနာပြုက စုံစမ်းရေးရဲအရာရှိတွေကို ပေးဖို့ ငြင်းဆန်ခဲ့လို့ မတရားဖမ်းဆီးခံရတဲ့ ရုပ်သံ စက်တင်ဘာ ၁ ရက်နေ့က ထွက်ပေါ်လာပါတယ်။ ဆော့လိတ်က်ရဲဌာန စုံစမ်းရေးရဲတွေက အမှုအတွက် လူနာရဲ့သွေးနမူနာ ပုလင်းကို ယူဖို့ ဆေးရုံကို လာခဲ့ကြပြီး မစ္စဝက်ဘယ်လ်စ်နဲ့ စကားပြောဆိုငြင်းခုန်ပြီးနောက် ဖမ်းဆီးမှုဖြစ်ခဲ့တာပါ။ ရုပ်သံထဲမှာလည်း မစ္စအဲလက်စ်ဝက်ဘယ်လ်စ်က ဝရမ်းမပါဘဲ လူနာရဲ့ သွေးနမူနာကို ရဲတွေကို ပေးဖို့ ငြင်းဆန်နေတာ တွေ့ရပြီး ရဲတွေက ခုပြီးပြီ၊ မင်းကို ငါတို့ ဖမ်းလိုက်ပြီလို့ ပြောပြီး မစ္စဝက်ဘယ်လ်စ်ကို ချုပ်လိုက်ကြပါတယ်။ သူမက တယောက်ယောက် ငါ့ကို ကူညီပါဆိုပြီး အော်ဟစ် အကူအညီတောင်းခံနေပေမယ့် သူမကို လက်ထိတ်နောက်ပြန်ခတ်ပြီး ဖမ်းဆီးသွားတာကို ကြားရတွေ့ရပါတယ်။ မစ္စဝက်ဘယ်လစ်က သူမအနေနဲ့ ဆေးရုံရဲ့စည်းမျဉ်းစည်းကမ်းအတိုင်း လိုက်နာလုပ်ဆောင်ခဲ့တာဖြစ်ပြီး ဒီလို သူမကို ဖမ်းဆီးခဲ့လို့ သူမအနေနဲ့ ဒေါသထွက်ကြောင်း ပြောပါတယ်။ “သူနာပြုတယောက်အနေနဲ့ ကျမလုပ်ရမယ့် အလုပ်တခုက ကျမရဲ့ လူနာ လုံခြုံစိတ်ချရဖို့ပဲ၊ ပြီးတော့ သွေးဆိုတာက ရှင်ရဲ့သွေးလေ၊ ရှင်ပိုင်တဲ့ ပစ္စည်းပဲ” လို့ သူမက တွေ့ဆုံမေးမြန်းခန်းတခုမှာ ဖြေထားပါတယ်။ သူမကို ဒီလိုဖမ်းဆီးမှု ဖြစ်ခဲ့တဲ့တာ ဇူလိုင်လက ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာ သူမကို တရားစွဲဆိုမှုမရှိဘဲ လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။ သွေးယူဆောင်ဖို့သွားတဲ့ စုံစမ်းရေးအရာရှိတွေကိုလည်း တာဝန်က ခေတ္တ ရပ်နားထားပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဆော့တ်လိတ်စီးတီးမြို့တော်ဝန် ဂျက်ကီက ဒီရုပ်သံက လက်ခံနိုင်ဖွယ်ရာ မရှိကြောင်း ပြောဆိုလိုက်ပြီး မစ္စဝက်ဘယ်လ်စ်ကို ကိုယ်တိုင် တဦးချင်းတွေ့ပြီးတောင်းပန်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
4 years Ago
Up