သူနာပြုဆရာမ ၂ ဦး

A d v e r t i s e m e n t With Us

April 21, 2020

COVID-19 လူနာသစ် သူနာပြုဆရာမ ၂ ဦးကို ပြည်မြို့ ခုတင် ၅၀၀ ဆေးရုံသို့ ပို့ဆောင်

ပဲခူးတိုင်းဒေသကြီး ပြည်မြို့က COVID-19 အတည်ပြုလူနာ  အမှတ် ၁၁၈ နဲ့ ၁၁၉ တို့ကို Facility Quarantine ထားရှိတဲ့နေရာကနေ ပြည် ခုတင် ၅၀၀ ဆေးရုံဆီ  ဒီနေ့မနက်က ရွှေ့ပြောင်းကုသပေးနေပြီ ဖြစ်ပါတယ်။  အဆိုပါလူနာ အမှတ် ၁၁၈ နဲ့ ၁၁၉ တို့ဟာ ပေါက်ခေါင်းမြို့မှာ COVID-19 ရောဂါနဲ့ သေဆုံးသွားတဲ့ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ မိသားစုကို ကုသပေးတဲ့ မေ့ဆေးဆရာ၀န်ကြီး ဒေါက်တာဒေါ်မြင့်မြင့်စိန်တို့အဖွဲ့က သူနာပြု ဆရာမ ၂ ယောက် ဖြစ်ပါတယ်။ သူတို့ကို ပြည် ခုတင် ၅၀၀ ဆေးရုံကြီးကို ဧပြီလ ၂၁ ရက် မနက် ၈ နာရီခွဲမှာ ရွှေ့ပြောင်းလိုက်ပြီလို့ ဆေးရုံကနေ စုံစမ်း သိရပါတယ်။ ပေါက်ခေါင်းဒုမြို့နယ်အုပ်ချုပ်ရေးမှူးကို ကုသပေးတဲ့ ကျန်းမာရေးဌာန၀န်ထမ်း အဖွဲ့၀င် ၁၄ ယောက်ကို ဒုမြို့နယ်အုပ်ချုပ်ရေးမှူး သေဆုံးသွားတဲ့ ဧပြီလ ၈ ရက်နေ့မှာပဲ ပြည် ခုတင် ၅၀၀ ဆေးရုံကြီးမှာ Hospital Quarantine နဲ့ နေထိုင်စေခဲ့ပါတယ်။ အဲဒီနောက် မေ့ဆေးဆရာ၀န်ကြီးမှာ ရောဂါပိုးတွေ့ရှိခဲ့လို့ ဝေဘာဂီဆေးရုံကို ရွှေ့ပြောင်းလိုက်ပြီး ကျန်တဲ့  ၁၃ ယောက်ကို ပြည်တက္ကသိုလ်ထဲက သန္တာဆောင်မှာ ဖွင့်လှစ်ထားတဲ့ Facility Quarantine Camp ကို ရွှေ့ပြောင်းပြီး စောင့်ကြည့်ထားခဲ့တာပါ။  ဧပြီ ၂၀ ရက်နေ့မှာတော့ သူတို့အထဲက သူနာပြုဆရာမ ၂ ယောက်မှာ ရောဂါပိုး တွေ့ရှိကြောင်း အဖြေထွက်ခဲ့တာလို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ကိုကျော်ဇေယျက ပြောပါတယ်။ 
11 months Ago
Up