သူတို့ အနိုင်မယူနိုင်ဘူး

January 27, 2020

ဒီမိုကရေစီနဲ့ လွတ်လပ်ရေးကို သူတို့ အနိုင်မယူနိုင်ဘူး - ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင်

ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် ဟွမ်ဂွယ်ဒိုဟာ ဥရောပခရီးစဉ်အတွင်း စပိန်နိုင်ငံ မဒရစ်မြို့က မြို့တော်ဝန်နဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ကို တွေ့ဆုံအပြီး ဇန်နဝါရီ ၂၅ ရက်မှာ သူ့ကို ထောက်ခံသူ ထောင်ချီနဲ့ ပူးပေါင်းခဲ့ပါတယ်။ “အာဏာရှင်နဲ့ တရားမမျှတမှုကို ရင်ဆိုင်ပြီး သူတို့ရှေ့မှာ ရပ်တည်နေတယ်။ ဗင်နီဇွဲလား ပြည်သူတွေကို သူတို့ ဖိနှိပ်နိုင်မှာ မဟုတ်ဘူး။ ဒီမိုကရေစီနဲ့ လွတ်လပ်ရေးကို သူတို့ အနိုင်မယူနိုင်ဘူး” လို့ ဂွယ်ဒိုက ထောက်ခံသူတွေကို ပြောပါတယ်။ ဂွယ်ဒိုဟာ ခရီးမသွားရ အမိန့်ကို အာခံပြီး ဥရောပမှာ ထောက်ခံမှုရဖို့ ကြိုးစားနေတာပါ။  သူ့ခရီးစဉ်အတွင်း ဥရောပလွှတ်တော်မှာ မိန့်ခွန်းပြောခဲ့ပြီး ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့မှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေး ဖိုရမ်ကိုလည်း တက်ရောက်ခဲ့ပါတယ်။ အဲဒီမှာ ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခွန်း ဗြိတိန် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်တို့ အပါအဝင် ဥရောပ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဂွယ်ဒိုဟာ အတိုက်အခံတွေ ကြီးစိုးရာ ဗင်နီဇွဲလား အောက်လွှတ်တော် ဥက္ကဋ္ဌအဖြစ် ဒုတိယတနှစ် သက်တမ်းကို ရွေးကောက် တင်မြှောက်ခံထားရပါတယ်။ ဒါကြောင့် စပိန်နိုင်ငံမှာ ဒေသန္တရအစိုးရတွေက သူ့ကို နိုင်ငံ့ခေါင်းဆောင်အဆင့်နဲ့ ကြိုဆိုလက်ခံတာ ခံခဲ့ရပါတယ်။ သူဟာ စပိန်ဝန်ကြီးချုပ် ပေဒရို စန်ချဲ့စ်နဲ့ တွေ့ဖို့တော့ စီစဉ်မထားပါဘူး။
1 year Ago
Up