သူဌေးကျွန်းဟိုတယ်

A d v e r t i s e m e n t With Us

March 17, 2020

ကိုရိုနာဗိုင်းရပ်စ်သံသယရှိသူ တွေ့ရှိသတင်း မဟုတ်မှန်ဟု သူဌေးကျွန်းဟိုတယ်ပြော

တနင်္သာရီတိုင်း ကော့သောင်း သူဌေးကျွန်းဟိုတယ်မှာ ကိုရိုနာသံသယရှိသူ တွေ့ရှိတယ်ဆိုတဲ့သတင်းဟာ ကောလာဟလသာ ဖြစ်တယ်လို့ ဟိုတယ်တာဝန်ရှိသူက ပြောပါတယ်။

ကော့သောင်း သူဌေးကျွန်းဟိုတယ်မှာ မတ်လ ၁၆ ရက်က ကိုရိုနာဗိုင်းရပ်စ် သံသယရှိသူ တွေ့ရှိတယ်ဆိုတဲ့သတင်းကြောင့် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံ့နှံ့ခဲ့ပြီး ကော့သောင်းမြို့နေ ပြည်သူတွေ ထိတ်လန့်ခဲ့ကြပါတယ်။

အဆိုပါသတင်းကြောင့် ကော့သောင်းမြို့က သက်ဆိုင်ရာတာဝန်ရှိသူတွေက မတ်လ ၁၆ ရက်နေ့ ညပိုင်းက သူဌေးကျွန်းဟိုတယ်ကို သွားရောက်စစ်ဆေးခဲ့ပါတယ်။

သူဌေးကျွန်းဟိုတယ်ရဲ့တာဝန်ခံ ကိုလွင်မောင်က “အခုလိုင်းပေါ်မှာ ပြန့်နေတဲ့ပုံက ကျနော်တို့ ဟိုတယ်လုံခြုံရေးဆိုဒ်က ထုတ်ထားတဲ့ပုံပါ။ ဒီလူက နေ့လယ် ၂ နာရီလောက်က ထိုင်းကနေတဆင့် ကျွန်းကိုရောက်လာတာပါ။ ဒီရောက်တော့ ကျားနဂါး ဂိမ်းကစားပါတယ်။ ဒီနေ့မှာ လူကလည်း နည်းနည်းများပါတယ်။ ဒီလူက သူ့နံဘေးမှာ လူတွေအုံကြည့်နေချိန် သူကလည်း ရှုံးနေချိန်မှ ရုတ်တရက်ထပြီး သူ့မှာ COVID-19 ရှိတယ်။ ဖယ်ကြလို့ ထအော်တာကြောင့် လူတွေရှဲသွားပြီး လုံခြုံရေးတွေက သူ့ကို ခေါ်ထုတ်သွားပြီး ကျွန်းဆေးခန်းမှာ စစ်ကြည့်တော့ ဘာမှမတွေ့ရဘူး။ နောက်တော့မှ လုံခြုံရေးအရာရှိက အရင်တကြိမ်တုန်းကလည်း HIV ရှိတယ်လို့ ဒီလိုပဲ ထအော်ဖူးတယ်လို့ ပြောတဲ့အတွက် သူ့ကိုသတိပေးပြီး ဒီဟိုတယ်မှာ ကစားခွင့်ပိတ်ခဲ့တယ်” လို့ ပြောပါတယ်။

သက်ဆိုင်ရာဌာနတွေအနေနဲ့ကလည်း အခုထက်ပိုပြီး စိစစ်တာ၊ ကြပ်မှတ်တာတွေ ပြုလုပ်သွားဖို့ အရင်စစ်ဆေးရေးဂိတ်နှစ်နေရာ သတ်မှတ်ထားရာကနေ အခု ၅ နေရာ သတ်မှတ်ဆောင်ရွက်နေတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

 

လတ်ကိုကိုဦး

12 months Ago
Up