သူဌေးကန်ချောင်း

September 17, 2021

ပုဂံညောင်ဦး ဓမ္မရာဇိကဘုရားအနီး သူဌေးကန်ချောင်း ရေကျော်နေ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်မှာ ခုရက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၊ ဖွားစောကျေးရွာအုပ်စု၊ သူဌေးကန်ကျေးရွာ၊ ဓမ္မရာဇိကဘုရားအနီးရှိ သူဌေးကန်ချောင်းရေကျော်ဟာ စက်တင်ဘာ ၁၇ ရက် ညနေ ၃ နာရီက ရေကျော်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 

''သူဌေးကန်ချောင်းရေကျော်နေပါတယ်။ ခရီသွားပြည်သူများ ချောင်းတစ်ဘက်တစ်ချက်မှာ ပိတ်မိနေတွေရှိတယ်။ အခု မီးသတ်က လာကူညီပေးနေတယ်'' လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ရေကျော်တဲ့နေရာမှာ လမ်းခရီးသွားလာသူတွေ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အသက်ကယ်ကြိုးတွေနဲ့ တားထားပေးပြီး  ပုဂံနယ်မြေမီးသတ်တပ်ဖွဲ့ဝင်တွေက   ဆိုင်ကယ်တွေ ကူညီဖြတ်သန်း သယ်ယူပေးတာ၊ အသုံးအဆောင်ပစ္စည်းတွေ ကူညီသယ်ယူပို့ဆောင်ပေးတာ၊ သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေ ချီတွဲဖြတ်ကူးပို့ဆောင်ပေးနေပါတယ်။

စက်တင်ဘာ ၉ ရက် ညပိုင်းကလည်း  မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပုဂံဒေသရှိ မီးသတ်ချောင်းရေမြင့်တက်လာလို့  မဏိစည်သူစျေးအနီး မော်တော်ယာဉ်တွေ ဖြတ်သန်းသွားလာမရအောင်ဖြစ်ပေါ်ခဲ့တယ်လို့  သိရပါတယ်။ 

1 month Ago
Up