သူငယ်ချင်းမောင်ဘဦး

December 5, 2020

ချိုပြုံးသီချင်းကို ချမ်းမြေ့မောင်ချိုသီဆိုမှုဖြင့် နားဆင်ကြရမည့် “သူငယ်ချင်းမောင်ဘဦး”သီချင်း (ရုပ်သံ) (ဖေ့စ်ဘွတ်ခ်ရွာ… ဖေ့စ်ဘွတ်ခ်ကမ္ဘာ)

မနေ့ညက နောက်ဆုံးသီတင်းပတ်အနေနဲ့ ကျင်းပပြီးစီးသွားခဲ့တဲ့ ရန်ကုန်တက္ကသိုလ်နှစ် ၁၀၀ ပြည့် ဂုဏ်ပြုဂီတဖျော်ဖြေပွဲမှာ မြန်မာအိုင်ဒေါစတား တေးသံရှင်တယောက်ဖြစ်တဲ့ ချမ်းမြေ့မောင်ချိုကလည်း ပါဝင်ဖျော်ဖြေသွားခဲ့ပါတယ်။ သူသီဆိုခဲ့တဲ့ သီချင်းကတော့ တေးရေး ဒီနေ့ပုဏ္ဏကရေးဖွဲ့ခဲ့ပြီး တေးသံရှင် သရုပ်ဆောင် အကယ်ဒမီချိုပြုံး သီဆိုအောင်မြင်ခဲ့တဲ့ “သူငယ်ချင်းမောင်ဘဦး” သီချင်းဖြစ်ပါတယ်။ “သူငယ်ချင်း မောင်ဘဦး… စာမလာ သတင်းမကြား… မင်းတယောက် နေမှ ကောင်းရဲ့လား… မိဖြူနဲ့ မိသင်းတို့လည်း နင့်ကို သတိရ လွမ်းနေကြပါသည်… ဘီအေ မအောင်မီ နောက်ဆုံးနှစ်က ကံ့ကော်ပင်အောက်မှာ… နောက်ကြပြောင်ကြ ပျော်စရာ နော်… ဘီအေအောင်ရင် ဘာလုပ်မလဲ… ဘီအေအောင်ရင် ဘာလုပ်ကြမယ်… နင်က မေးတော့ တို့မဖြေနိုင်… မှိုင်တွေငေးကာ မပျော်တော့ဘူး… ဒီလိုအမေးမျိုး မဆိုသင့်ဘူး … နင်သိပ်ဆိုးတဲ့ မောင်ဘဦး” အသက် ၂၁ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ချမ်းမြေ့မောင်ချိုဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နောက်ဆုံးဖိုင်နယ်အဆင့်ထိ တက်ရောက်နိုင်ခဲ့သူပါ။ ဒီပြိုင်ပွဲမှာတော့ နောက်ဆုံးအဆင့်ထိ ရောက်ရှိလာကြတဲ့ ဖြိုးမြတ်အောင်နဲ့ ချမ်း မြေ့မောင်ချို တို့ကို အပြိုင်အဆိုင် အားပေးကြတဲ့ ပရိသတ်တွေကြား လှုပ်ခတ်စေခဲ့တဲ့ ပြိုင်ပွဲတခု ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ပြိုင်ပွဲနောက်ဆုံးနေ့မှာတော့ ကျန်းမာရေးကြောင့် ချမ်းမြေ့မောင်ချိုက ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိခဲ့ပဲ Winner ဆုကို ဖြိုးမြတ်အောင်က ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းကတော့ ချမ်းမြေ့မောင်ချိုရဲ့ တကိုယ်တော် တေးအယ်လ် ဘမ်ဖြစ်တဲ့ “Eleven” အယ်လ်ဘမ်ထွက်ရှိထားခဲ့ပြီး အဲဒီအယ်လ်ဘမ်ထဲက Loser ၊ မောင် နားလည်ပေးပါ စတဲ့ သီချင်းတွေကတော့ ပရိသတ်တွေကြား ရေပန်းစားတဲ့ သီချင်းတွေ ဖြစ်ပါတယ်။ ခုတခါ “သူငယ်ချင်းမောင်ဘဦး”သီချင်းကို ချမ်းမြေ့မောင်ချိုရဲ့ သီဆိုမှုဟာလည်း ပုံ စံတမျိုးနဲ့ ထူးထူးခြားခြား လှပနေခဲ့တာကို ရန်ကုန်တက္ကသိုလ်အလွမ်းပြေသီချင်းတပုဒ် အနေနဲ့ ခံစားနားဆင်ကြရမှာပါ။ “ဟိုအရင် ပျော်စရာ တို့ကျောင်းသားဘဝ… ချစ်စရာ အချိန်ကလေးတွေ… အခုမှ ပြန်၍ လိုချင်သည်…  ရည်ရွယ်တာတွေ မဖြစ်သေးလည်း… မရည်ရွယ်တာတွေ တို့များ ဖြစ်ခဲ့… လေဆန်ရွက်တိုက် ဘဝခြေရာ… စတီရီယိုသီချင်းသည် ကောင်မလေး… ငါသည် ဖြစ်ခဲ့… မမျှော်လင့်ဘူး… နင်အံ့ဩသလား… မောင်ဘဦး” ခုတပတ်ရဲ့ ဖျော်ဖြေပွဲ ပွဲစဉ် ၈ မှာတော့ ချမ်းမြေ့မောင်ချိုနဲ့အတူ တခြားဝါရင့်နာ မည်ကြီးအဆိုတော်တွေဖြစ်ကြတဲ့ ဗစ်တာခင်ညို၊ အောင်နိုင်၊ ဇော်ဝင်းထွဋ်၊ ရင်ဂို၊ မျိုးကျော့မြိုင်၊ ဟေမာနေဝင်း၊ အိအိ၊ ဝေလ၊ အောင်ထက်၊ အိမ့်ချစ်၊ ဂျူဝယ်လ်၊ ပြည့်ဖြိုးစိန်လွင်၊ ပိုပိုဟေသာတို့က အင်ပါယာတေးဂီတအဖွဲ့နဲ့ တွဲဖက်သီဆိုသွားခဲ့ကြတာ ဖြစ်ပါတယ်။
4 months Ago
Up