သုဝဏ္ဏကွင်းတွင်

A d v e r t i s e m e n t With Us

November 13, 2016

သုဝဏ္ဏကွင်းတွင် စီစီတီဗွီကင်မရာ အလုံး ၅၀ တပ်ဆင်ထားမှုမြင်ကွင်း (ဓာတ်ပုံ)

မြန်မာဘောလုံးပရိသတ်တွေ စိတ်အေးချမ်းသာစွာ ကြည့်ရှုနိုင်ဖို့နဲ့ မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်ပွားဖို့အတွက် သုဝဏ္ဏဘောလုံးကွင်းမှာ စီစီတီဗွီ အလုံး ၅၀ တပ်ဆင်ထားပြီးဖြစ်ကြောင်း မြန်မာဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။ အာဆီယံဒေသတွင်း အဆင့်မြင့်ဆုံးပြိုင်ပွဲကြီးဖြစ်တဲ့ AFF ဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ် လက်ခံကျင်းပဖို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေနဲ့ ပြင်ဆင်ဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း၊ လုံခြုံရေး၊ ကစားကွင်းအတွင်း ဝန်ဆောင်မှုတွေနဲ့ ပရိသတ်တွေ စနစ်တကျ အားပေးနိုင်ဖို့လည်း အားစိုက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ စီစီတီဗွီ ကင်မရာ အလုံး ၅၀ ကို ကွင်းပတ်ပတ်လည်နဲ့ ပွဲကြည့်စင်တွေပေါ်မှာ တပ်ဆင်ထားပြီး ကင်မရာများမှတဆင့် ပရိသတ်တွေရဲ့ လုံခြုံရေးကို သက်ဆိုင်ရာလုံခြုံရေး အဖွဲ့အစည်းတွေ အကူညီနဲ့ စောင့်ကြည့်ကူညီပေးသွားမယ်လို့ ဖော်ပြထားပါတယ်။ နိုဝင်ဘာ ၁၄ ရက်နေ့ ညနေ ၅ နာရီမှာတော့ မြန်မာအသင်းနဲ့အိုမန်အသင်းတွေ ချစ်ကြည်ရေးခြေစမ်းပွဲကို ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ သတင်းဓာတ်ပုံ - မြန်မာဘောလုံးအဖွဲ့ချုပ်
4 years Ago
Up